ယူအေအီးနိုင်ငံရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသည် ဉာဏ်ရည်တု (AI) နှင့် ဒေတာစင်တာများအပါအဝင် ဆေးဝါးများ၊ ဓာတ်သတ္တုများနှင့်ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်သွားမည့် နားလည်မှုစာချွန်လွှာ (MoU) သုံးခုကို အီတလီနိုင်ငံနှင့်လက်မှတ်ရေးထိုးခဲ့ပါသည်။
ယူအေအီးနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Mohamed Hassan Alsuwaidi နှင့် အီတလီနိုင်ငံတွင်ပြု လုပ်သည့် စီးပွားရေးလုပ်ငန်းများဝန်ကြီး Adolfo Urso တို့က လက်မှတ်ရေးထိုးခဲ့ကြသည့် အဆိုပါ သဘောတူညီချက်များသည် နှစ်နိုင်ငံအကြား စီးပွားရေးနှင့်နည်းပညာဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး များကိုမြှင့်တင်ရာတွင် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ အဆိုပါ MoU များသည် ၁၉၈၄ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် နှင့် ၁၉၉၅ ရင်းနှီးမြှုပ် နှံမှုမြှင့်တင်ရေးနှင့် ကာကွယ်မှုသဘောတူညီချက်တို့အပါအဝင် တည်ဆဲနှစ်နိုင်ငံသဘောတူ ညီချက် များအပေါ်တွင် အခြေခံထားခြင်း ဖြစ်ပါသည်။
ဤပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်တည်တံ့ခိုင်မြဲသောတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ် တယ်အသွင်ပြောင်းရေးတို့အတွက် ယူအေအီးနိုင်ငံ၏ကတိကဝတ်အောက်တွင် ဦးစားပေးဆောင် ရွက်ခြင်းဖြစ်ကြောင်း Alsuwaidi မှ အလေးထားပြောကြားခဲ့ပါသည်။ Urso က နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများနှင့် စီးပွားရေးလုပ်ငန်းတိုးတက်မှုများကိုအားဖြည့်ပေးသည့် စီးပွားရေးအခွင့် အလမ်းသစ်များအတွက် အလားအလာများကိုမီးမောင်းထိုး ဖော်ပြခဲ့ပါသည်။
ဆေးဝါးဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် ဇီဝနည်းပညာ၊ ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် ကင် ဆာရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် ရှားပါးအခြေအနေများတွင် အဆင့်မြင့်သုတေသန ပြုလုပ်ခြင်းများကို အဓိကထားဆောင်ရွက်မည်ဖြစ်ပါသည်။ ၎င်းသည် AI ဦးဆောင်သည့် ဆေးဝါး ဖွံ့ဖြိုးတိုးတက်မှုနှင့်ထုတ်လုပ်မှုတို့ကို လွယ်ကူချောမွေ့စေရန်လည်း ရည်ရွယ်ထားပါသည်။
ဒုတိယနားလည်မှုစာချွန်လွှာတွင် ရေရှည်တည်တံ့ခိုင်မြဲသောသတ္တုတူးဖော်ရေး၊ ဓာတ်သတ္တုရှာ ဖွေရေးနှင့် သယံဇာတဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်သွားမည်ဖြစ်ပြီး တာဝန်သိအလေ့အကျင့် များနှင့် လုပ်သားအင်အားလေ့ကျင့်ရေးတအပေါ် အလေးပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တတိယသဘောတူညီချက်တွင် ကမ်းလွန်ပင်လယ်ပြင်ဓာတ်အားလိုင်း တည်ဆောက်ရန်အတွက် ပိုမိုထိရောက်စွာ အတူပူးပေါင်းဆောင်ရွက်ရန် ဆန်းသစ်သောနည်းလမ်းတစ်ခုဖြစ်သည့် 2 GW စွမ်း ရည်ဦးတည်မှုဖြင့် မြစိမ်းရောင်ဒေတာစင်တာများတည်ထောင်ခြင်းနှင့် နယ်စပ်ဖြတ်ကျော်ဒေတာ ခံနိုင်ရည်ရှိမှုအတွက် ပုံရိပ်ယောင်အချက်အလက်သံရုံးများ (Virtual Data Embassies) ဖွံ့ဖြိုးတိုး တက်ရေးတို့ အပါအဝင် AI နှင့်ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုကို မြှင့် တင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အဆိုပါသဘောတူညီချက်များသည် ယူအေအီး-အီတလီစီးပွားရေးဆက်ဆံမှုကို ပိုမိုခိုင်မာစေကာ ၂၀၂၃ ခုနှစ်အတွင်း နှစ်နိုင်ငံအကြားရေနံမဟုတ်သောကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၇.၂၂ ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်အစောပိုင်းတွင် ၂၂ % တိုးတက်လာခဲ့ပါသည်။ လက်ရှိတွင်အီတလီကုမ္ပဏီပေါင်း ၆၀၀ ကျော်တို့မှ ယူအေအီးနိုင်ငံနှင့်လုပ်ငန်းများကို ဆောင်ရွက် လျှက်ရှိကြပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်သည့်နက်ရှိုင်းမှုမှာ ပိုမိုထင်ဟပ်လျှက်ရှိပါသည်။
ယူအေအီးနိုင်ငံသည်ပြင်သစ်နိုင်ငံနှင့်လည်း မကြာသေးမီကပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ် ခဲ့ပြီးနို်ငငံ ပိုမိုကျယ်ပြန့်သော AI မဟာဗျူဟာသည် AI မောင်းနှင်သောဆန်းသစ်တီထွင်မှုနှင့်ဒစ်ဂျစ် တယ်အသွင်ကူးပြောင်းမှုတို့တွင် ကမ္ဘာလုံးဆိုင်ရာဦးဆောင်သူတစ်ဦးဖြစ်လာရန် ရည်ရွယ်ထား သည့်၎င်းတို့၏ရည်မှန်းချက်ကို အလေးပေးဖော်ပြနေခြင်းဖြစ်ကြောင်း သတင်းဌာနမှ ဖော်ပြထား ပါသည်။
စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့။