International News

ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလာရေးဌာနမှ ခရီးသွားနည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုကို မြှင့်တင်ဆောင်ရွက်ရန်အတွက် Amadeus နည်းပညာအုပ်စုနှင့်ပူးပေါင်းဆောင်ရွက်

Last Updated:

ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလာရေးဌာန (DET) သည် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားနည်းပညာရပ် များအား ဦးဆောင်လျှက်ရှိသည့် Amadeus နည်းပညာအုပ်စုနှင့် မဟာဗျူဟာနားလည်မှုစာချွန်လွှာ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဒူဘိုင်း၏ခရီးသွားလုပ်ငန်းနှင့်ခရီးသွားကဏ္ဍတွင် ကြီးမား သောနည်းပညာတိုးတက်မှုများကို လက်ခံရရှိရန်စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် ခရီးသွားနည်းပညာဆိုင်ရာဖြေရှင်းချက်များအဖြစ် လျင်မြန်စွာနမူနာ ပုံစံများပြုလုပ်ခြင်းအတွက် မြို့-အနှံ့အပြား သဘာဝဂေဟစနစ်ကိုဖန်တီးနိုင်ရန် ရည်ရွယ်ထားပြီး ဒူဘိုင်း၏ထိပ်တန်းကမ္ဘာ့ခရီးသွားလာရေးနှင့် စီးပွားရေးအချက်အချာကျသည့်အနေအထားကို ပိုမို ကောင်းစေမည်ဖြစ်ပါသည်။

ဒူဘိုင်းခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးစျေးကွက်ရှာဖွေရေးကော်ပိုရေးရှင်း (DCTCM) ၏ အမှု ဆောင်အရာရှိချုပ်ဖြစ်သူ Issam Kazim နှင့် Amadeus နည်းပညာအုပ်စုမှ Travel Unit ၏ EVP ဖြစ် သူနှင့် EMEA ၏ MD ဖြစ်သူ Maher Koubaa တို့လက်မှတ်ရေးထိုးထားကြသည့် အဆိုပါ MoU သည် ဆန်းသစ်တီထွင်မှုဖြင့် စီးပွားရေးတိုးတက်မှုကိုအာရုံစိုက်သည့် ဒူဘိုင်းစီးပွားရေးအစီအစဉ် (D33) ကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ဤသဘောတူညီချက်သည် အဖွဲ့အစည်းနှစ်ခုကြားတွင် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး မဟာဗျူဟာကျသောခရီးသွားအချက်အလက်များအား ခွဲခြမ်း စိတ်ဖြာမှု၊ ဒစ်ဂျစ်တယ်ကြော်ငြာနှင့် B2B ခရီးသွားစျေးကွက်ရှာဖွေရေး စသည်တို့ကိုလွှမ်းခြုံထား ကြောင်း ဖော်ပြထားပါသည်။

အဆိုပါမိတ်ဖက်ဆက်ဆံမှု၏ အဓိကအချက်မှာ ဒူဘိုင်းတွင် Amadeus Center of Excellence စင်တာတစ်ရပ်ကို တည်ထောင်ခြင်းဖြစ်ပြီး ဤပဏာမခြေလှမ်းသည် biometrics၊ လေဆိပ်အတွေ့ အကြုံကိုပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း၊ ထိတွေ့မှုမရှိသောငွေပေးချေမှုများနှင့် လေထုစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုများ၏တိုးတက်မှုတို့အပေါ် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ၎င်း သည် ဧည့်ဝန်‌ဆောင်မှုလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများအတွက် ခရီးသွားအသိဉာဏ် အစီရင်ခံမှုကို မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ပြည်တွင်းနှင့်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လုပ်ငန်းအစပျိုးမှုများကိုလည်း တိုးချဲ့သွားမည်ဖြစ်ပါသည်။

Kazim မှဤသို့ပူးပေါင်းဆောင်ရွက်ခြင်းသည် ဒူဘိုင်း၏ထိပ်တန်းဆန်းသစ်တီထွင်မှု အချက်အခြာ ဖြစ်လာမည့် မျှော်မှန်းချက်နှင့်ကိုက်ညီမှုရှိပြီး ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးတွင် ၎င်းတို့၏မျှဝေ သည့်ကတိကဝတ်ကို ထင်ဟပ်စေကာ ဒူဘိုင်းအား ခရီးသွားနည်းပညာများကို ရှေ့ဆောင်မည့်နေရာ 

တစ်ခုအဖြစ် အားဖြည့်ပေးသွားမည်ဖြစ်ကြောင်းဖြင့် အလေးထားပြောကြားခဲ့ပါသည်။

Maher Koubaa က ခရီးသွား၏အနာဂတ်ကိုပုံဖော်ရာတွင် Amadeus မှ ခရီးသွားနည်းပညာလုပ် ငန်းများ၏အခန်းကဏ္ဍအပေါ် ၎င်းတို့၏နည်းပညာသည် ပုဂ္ဂိုလ်ရေးဆန်သောအတွေ့အကြုံများကို မြှင့်တင်ပေးပြီး ဒူဘိုင်း၏တိုးတက်မှုကိုအထောက်အကူဖြစ်စေကာ ခရီးသွားဆန်းသစ်တီထွင်မှုတွင် စံသတ်မှတ်ချက်အသစ်များကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ဦးစားပေးပြောကြားခဲ့ပါသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် တိုးတက်ပြောင်းလဲနေသော ခရီးသွားများ၏မျှော်လင့်ချက်များကို ပြည့်မီနိုင်ရန်အတွက် နည်းပညာရပ်များကိုပေါင်းစပ်ထည့်သွင်းလာသည်နှင့်အမျှ ဤကဲ့သို့သောပူး ပေါင်း ဆောင်ရွက်မှုသည် ရေရှည်တည်တံ့သောစီးပွားရေးတိုးတက်မှုအတွက် ဆန်းသစ်တီထွင်မှုကို အသုံးချသွားမည့် ဒူဘိုင်း၏ကတိကဝတ်ကို အလေးပေးဖော်ပြထားခြင်းဖြစ်ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့။

Category: International News