International News

ထိုင်းနိုင်ငံ၌ လူဝင်မှုကြီးကြပ်ရေး TM6 ဖောင်ကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်သွားရန် ခရီးသွားနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံအစိုးရသည် ခရီးသွားအခွန်အခ ဘတ် ၃၀၀ ကို ယခုနှစ်မှစ၍ ကောက်ခံရန် ဝန်လေး နေသော်လည်း မေလ ၁ ရက်မှစ၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားသား ခရီးသွား များနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေး TM6 ဖောင်ကို အွန်လိုင်းပုံစံသို့ အဆင့်မြှင့်တင်ရန် ခရီးသွားနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

လူဝင်မှုကြီးကြပ်ရေး TM6 ဖောင်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှစ၍ ရပ်ဆိုင်းထားခဲ့ပြီး ကာလကို ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ကုန်ဆုံးတော့မည်ဖြစ်ကြောင်း၊ စာရွက်ပုံစံ TM6 ဖောင် ကို ဒီဂျစ်တယ်ပုံစံဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းဖောင်သည် ခရီးသွားများကို ထိုင်းနိုင်ငံ တွင် ရှိနေစဉ်အတွင်း နောက်ယောင်ခံရန် အထောက်အကူပြုမည်ဖြစ်ပြီး ခရီးသွားများအကြား ထိုင်း  နိုင်ငံ၏ လုံခြုံရေးအပေါ် မကောင်းမြင်နေသောကြောင့် ယုံကြည်မှုကို တိုးမြှင့်စေမည်ဖြစ်ကြောင်း၊ ယခု အပတ်အတွင်း ဌာနတွင်း အစည်းအဝေးတစ်ရပ်ကျင်းပကာ လူဝင်မှုကြီးကြပ်ရေးဗျူရိုက အွန်လိုင်း စနစ်ကို ရှင်းလင်းတင်ပြခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ ဌာနများ၊ ဟိုတယ်များ၊ လေကြောင်းလိုင်းများနှင့် ခရီးသွားအေဂျင်စီများကို ဖိတ်ကြားခဲ့ပါ ကြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Ms. Natthriya Thaweevong က ပြောကြားခဲ့သည်။

အခြားသော အဝင်စစ်ဆေးသည့် ပုံစံများ အကောင်အထည်မဖော်မီ ဒီဂျစ်တယ် TM6 ကို ဦးစား ပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်း TM6 သည် နိုင်ငံခြားသားများအတွက်သာဖြစ်ကြောင်း၊ အခမဲ့ အွန်လိုင်းဖောင်သည် လေကြောင်း၊ ကုန်းလမ်းနှင့် ရေကြောင်းမှဝင်ရောက်လာသူ အားလုံး အတွက် ဖြစ်ပါကြောင်း ဒုတိယအမြဲတမ်းအတွင်းဝန် Mr. Mongkon Wimonrat က ဖြည့်စွက်ပြော ကြားခဲ့သည်။

အွန်လိုင်း TM6 ဖောင်ကိုမကြာမီ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးသွား အခကြေးငွေ ဘတ် ၃၀၀ ကောက်ခံမှုသည် ရွှေ့ဆိုင်းသွားနိုင်ကြောင်း၊ TM6 လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့ရန် အစိုးရအနေဖြင့် လိုလားလျက်ရှိပြီး စနစ်တစ်ခု အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင် ရန်မှာ လများ သို့မဟုတ် ၁ နှစ် ကြာမြင့်နိုင်ကြောင်း၊ ထိုင်းနိုင်ငံကို အိမ်နီးချင်းနိုင်ငံများသို့ တစ်ဆင့်ခံ တရားမဝင် ချိတ်ဆက်မှုအဖြစ် ရှုမြင်နေချိန်တွင် အခကြေးငွေကောက်ခံသည်မှာ သင့်လျော်သည့် အချိန်မဟုတ်ပါကြောင်း ဝန်ကြီးဌာန အမည်မဖော်လိုသူ ရင်းမြစ်တစ်ခုက ဆိုထားကြောင်း သိရှိရပါ သည်။

 

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News