International News

ထိုင်းနိုင်ငံ၏ ပီလောပီနံ ဝယ်လိုအားသည် လာမည့် လများအတွင်း ၁၅ ရာခိုင်နှုန်း မြင့်တက်လာဖွယ် ရှိကြောင်း ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက ခန့်မှန်းထားခဲ့

Last Updated:

ထိုင်းနိုင်ငံ အကြီးစား တိရစ္ဆာန်အစာထုတ်လုပ်သူများက လာမည့် ၂ လ၊ ၃ လအတွင်း ပီလော ပီနံပြားများသုံးစွဲမှုကို ၁၅ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲသွားနိုင်ကြောင်း ပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာနက ခန့်မှန်းထားကြောင်း သိရှိရပါသည်။

မွေးမြူရေးကဏ္ဍနှင့် တိရစ္ဆာန်အစာထုတ်လုပ်သူများကို တိရစ္ဆာန်အစာဖော်မြူလာများတွင် ပီလောပီနံပြားများအသုံးပြုမှုကို အားပေးရန်အတွက် ဦးစီးဌာနသည် ထိုင်းကုန်သည်ကြီးများအသင်း၊ ကုန်သွယ်ရေးဘုတ်အဖွဲ့၊ အရှေ့မြောက်ပိုင်း ပီလောပီနံ ထုတ်လုပ်သူများအသင်း နှင့် ထိုင်းအစာကြိတ် ခွဲသူများအသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကနဦးရည်မှန်းချက်မှာ လတ်ဆတ်ပီလော ပီနံ တန်ချိန် ၂.၅ သန်းနှင့်ညီမျှသော ပီလောပီနံပြား တန်ချိန် ၁ သန်းကို ဝယ်ယူရန် ဖြစ်ကြောင်း၊ အကြီး စားအစာထုတ်လုပ်သူများသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ အစာထုတ်လုပ်ရာတွင် ပီလောပီနံပြား ၁၅ ရာခိုင်နှုန်းတိုးမြှင့်သုံးစွဲလျက်ရှိရာ လာမည့် ၂ လ၊ ၃ လအတွင်း ထပ်တိုး ၁၅ ရာခိုင်နှုန်း သုံးစွဲမည်ဟု မျှော်မှန်းထားကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Wittayakorn Maneenetr က ပြောကြား ခဲ့သည်။

လက်ရှိ ပီလောပီနံ ဈေးနှုန်းအရ အစာထုတ်လုပ်သူများသည် အစာဖော်မြူလာများနှင့် ပါဝင် ပစ္စည်းသုံးစွဲမှု တိုးမြှင့်ရန် ချိန်ညှိနိုင်ပါကြောင်း၊ အကြီးစားထုတ်လုပ်သူများက ၎င်းတို့၏ ဖော်မြူလာ များကို ပြင်ဆင်ပြီးဖြစ်ရာ ကဏ္ဍအတွင်းရှိ အခြားသော ဆောင်ရွက်နေသူများနှင့် ဆွေးနွေးပြီးဖြစ် ကြောင်း၊ ပြည်တွင်း ကုန်ကြမ်းများကို အသုံးပြုခြင်းသည် ထုတ်လုပ်သူများအတွက် ဈေးနှုန်းတည်ငြိမ်  ခြင်းနှင့် တောင်သူများကိုလည်း ထောက်ပံ့ပေးရာရောက်ပါကြောင်း၊ သန့်စင်ပြီးသော ပီလောပီနံထုတ် လုပ်သူ ၄၀ ကျော်ရှိပြီး သုံးစွဲသူ ဝယ်လိုအားအတိုင်း ထုတ်ပေးနိုင်ပါကြောင်း၊ ကစီဓာတ် ပါဝင်မှု ၂၅ ရာခိုင်နှုန်းရှိသော လတ်ဆတ်ပီလောပီနံ အမြစ်များသည် ၁ ကီလိုဂရမ်လျှင် ၂.၂၈ ဘတ် ဖြစ်ပြီး အချို့ ဒေသများတွင် ဘတ် ၂.၁၀ မှ ၂.၄၅ ကြား ရှိပါကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြား ခဲ့သည်။

ဈေးနှုန်းအခြေအနေသည် ၂၀၂၁ ခုနှစ် ရုရှား-ယူကရိန်း ပဋိပက္ခမတိုင်ခင်အချိန်ကာလက ဈေးနှုန်းနှင့် တူညီပါကြောင်း၊ ဈေးနှုန်းနည်းနည်းနှင့် တွေ့ကြုံနေရသည့် ဒေသများမှ တောင်သူများ အတွက် Public Warehouse Organization နှင့်ပူးပေါင်း၍ အခြားသော ဒေသများမှ ဝယ်ယူသူများကို ခေါ်ယူလာစေပြီး ဖြန့်ချိမှုနှင့် ယှဉ်ပြိုင်မှုကို မြှင့်တင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း ပီလောပီနံ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃.၁၃ ဘီလီယံရှိခဲ့ပြီး ၁၅.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ ကျဆင်းရခြင်းမှာ ပီဗလာပီနံပြားများ တင်ပို့မှု ကျဆင်းခဲ့သောကြောင့် ဖြစ် ကြောင်း၊ အဓိက ဈေးကွက်များမှာ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်နှင့် မလေးရှားတို့ဖြစ်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News