တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီ အစိုးရအဖွဲ့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ တည်ငြိမ်စေရေးအတွက် ကဏ္ဍလေးရပ်၊ လုပ်ဆောင်ချက် ၂၀ ခုပါဝင်သည့် လုပ်ငန်းစီမံ ချက် သစ်တစ်ခုကို ချမှတ်ခဲ့ကြောင်းသိရှိရပါသည်။
တရုတ်နိုင်ငံအနေဖြင့် ဆက်သွယ်ရေးနှင့် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုနယ်ပယ်များ၌ အချိန်နှင့်တစ်ပြေးညီ စီမံနိုင်ရေး ရှေ့ပြေးစီမံကိန်းများတိုးချဲ့ ဆောင်ရွက်ခြင်း၊ နိုင်ငံခြား ရင်းနှီး မြုပ်နှံသူများ၏ အစုရှယ်ယာရင်းနှီးမြုပ်နှံမှုများတွင် ပြည်တွင်းချေးငွေများကို အသုံးပြုခွင့်ပေး ခြင်း၊ နိုင်ငံ့စာရင်းဝင် ကုမ္ပဏီများ၌ အရည်အသွေးမြင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)များ ပိုမိုပါဝင်လာစေရန် ဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံတွင်း နိုင်ငံတကာ စီးပွားရေး လုပ်ငန်းစုကြီးများ၏ ရုံးချုပ်ပုံစံအဖွဲ့ အစည်းများတည်ထောင်ရာတွင် လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို တွန်းအားပေးသည့် စက်မှု လုပ်ငန်း များကို တိုးချဲ့နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့်မြင့်ကုန်ထုတ်လုပ်ငန်း၊ ခေတ်မီဝန် ဆောင်မှုများ၊ နည်းပညာတိုးတက်မှုနှင့် စွမ်းအင်ထိန်းသိမ်းမှုတို့ကို အဓိကအာရုံစိုက်လျက်ရှိ ကြောင်း၊ နိုင်ငံခြား ကုမ္ပဏီများသည် အရည်အသွေးမြင့်ထုတ်ကုန်များနှင့် စွမ်းအင် ဘက်ထရီ သစ်များ အပါအဝင် အဆင့်မြင့်နည်း ပညာသုံးထုတ်ကုန်များအတွက် ကုန်ထုတ်လုပ်မှုလိုင်း များ တိုးချဲ့ခြင်း၊ ဥပမာအားဖြင့် ဂျပန်နိုင်ငံ၏ Panasonic Holdings Corp သည် semiconductor ထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ရှန်ဟိုင်းမြို့တွင် စက်ရုံတစ်ရုံကို ဇူလိုင်လတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ယွမ်သန်း ၁၂၀ (ဒေါ်လာ ၁၆.၅ သန်း) ဖြင့် စတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်ပြည်မကြီး၌ FDI အမှန်သုံးစွဲမှုအနေဖြင့် ဇန်နဝါရီလတွင် စုစုပေါင်း ယွမ် ၉၇.၅၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃.၆၁ ဘီလီယံခန့်) ရှိကြောင်း၊ လစဉ်အချက်အလက်များအရ ၂၇.၅ ရာခိုင်နှုန်း ပြန်လည်တိုးတက်လာခဲ့ကြောင်း၊ ယခင်လ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ဗြိတိန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယ်သာလန်နှင့် ဂျပန်နိုင်ငံတို့မှ ၃၂၄.၄ ရာခိုင်နှုန်း၊ ၁၀၄.၃ ရာခိုင်နှုန်း၊ ၇၆.၁ ရာခိုင်နှုန်းနှင့် ၄၀.၇ ရာခိုင်နှုန်းအသီးသီး မြင့်တက်လာခဲ့ကြောင်း၊ ရင်းနှီး မြှုပ်နှံမှု ဝင်ရောက်ခွင့်နှင့် စပ်လျဉ်းသည့် ကန့်သတ်ချက်များဖြေလျှော့ရန် ကျယ်ကျယ်ပြန့်ပြန့် စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအနေဖြင့် အဆင့်အတန်းမြင့်သော တံခါးဖွင့်ပုံစံ ချဲ့ထွင်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ၎င်း၏ ဆွဲဆောင်မှုကို မြှင့်တင်ရန် ကြိုးပမ်း လျက် ရှိကြောင်းသိရှိရပါသည်။
Source: http://en.people.cn/n3/2025/0228/c90000-20282993.html
စီးပွားရေးသံမှူး
ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ