Local News

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ မတ်ပဲများ ထွက်ပေါ်လျက်ရှိပြီး တောင်သူများ အကျိုးအမြတ်ရရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ဆောင်းသီးနှံဖြစ်သည့် မတ်ပဲများကို ၂၀၂၄ ခုနှစ်တွင် စိုက်ဧက ၈၉၃၃၄ ဧက စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ၄၂၈၂၄ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။ မတ်ပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် စတင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးအနေဖြင့် မတ်ပဲပင်ထောင်မျိုးများကို စိုက်ပျိုးကြပြီး မတ်ပဲမျိုးတစ်တင်းလျှင် ငွေကျပ် ၁၅၀၀၀၀ ဖြင့် ဝယ်ယူ၍ တစ်ဧကလျှင် မျိုးခြောက်ပြည်ခန့် ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မတ်ပဲတစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ငွေကျပ် ၇၀၀၀၀၀ ကုန်ကျပြီး တစ်ဧကလျှင် ၁၂-၁၅ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဓနုဖြူမြို့နယ်အတွင်းရှိ ပွဲရုံများသို့ ရောင်းချပြီး ပွဲရုံများမှ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ၍ ထိုမှတစ်ဆင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။            

Source: ကြေးမုံသတင်းစာ

Category: Local News