International News

မလေးရှားနိုင်ငံက ရေရှည်တည်တံ့သည့် ဆီအုန်းလုပ်ငန်းကဏ္ဍတွင် ချန်ပီယံဖြစ်စေရေး ဆောင်ရွက်မည်

Last Updated:

တစ်ကမ္ဘာလုံးအတိုင်းအတာအရ ပတ်ဝန်းကျင်ဆိုင်ရာတာဝန်ယူမှုအပေါ် အလေး ပေးမှု မြင့်တက်လာသည်နှင့်အညီ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုတွင် ကမ္ဘာ့ဒုတိယ အဆင့်နိုင်ငံ ဖြစ်သည့် မလေးရှားနိုင်ငံသည်လည်း ရေရှည်တည်တံ့သည့် ဆီအုန်းလုပ်ငန်းကဏ္ဍတွင် ချန်ပီယံဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားစားအုန်းဆီအသင်း (Malaysi an Palm Oil Association – MPOA) က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ပါသည်။

စိုက်ပျိုးရေးနှင့်သီးနှံဝန်ကြီးဌာန ဝန်ကြီး Datuk Seri Johari Abdul Ghani က ဆီအုန်း စိုက်ပျိုး ထုတ်လုပ်သည့် ပုဂ္ဂလိကကဏ္ဍနှင့် အသေးစားစိုက်ပျိုးထုတ်လုပ်သူများအကြား ရေရှည်တည်တံ့မှု နှင့်စပ်လျဉ်း၍ ပိုမိုလိုက်နာစေရေး 36th Palm and Lauric Oils Price Outlook Conference and Exhibition ၏ သတင်းစာရှင်းလင်းပွဲတွင် အလေးပေးပြောကြား ခဲ့ပါသည်။

“မလေးရှားနိုင်ငံ၏ ဆီအုန်းစိုက်ပျိုးဧကမှာ ဟက်တာ ၅.၇ သန်းရှိပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များက ဧက ၄.၂ သန်း၊ အသေးစားစိုက်ပျိုးထုတ်လုပ်သူများက ဧက ၁.၅ သန်း ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်ပြီး ကမ္ဘာ့အခြေအနေမှာ ရေရှည် တည်တံ့သည့် လုပ်ဆောင်ချက်များကို အလေးပေးလျက်ရှိရာ မလေးရှားနိုင်ငံအနေဖြင့်လည်း လိုအပ်သည်များ ကို အလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခင်အချိန်များက ဆီအုန်း စိုက်ပျိုးရန်အတွက် မြေရှင်းလင်းသည့် နည်းလမ်းကို အသုံးပြုခဲ့ကြောင်း၊ လက်ရှိအချိန်တွင် European Union Deforestation Regulation (EUDR) အပါအဝင် နိုင်ငံတကာစည်းမျဉ်းများ ရှိလာပြီဖြစ်ကြောင်း၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အဆိုပါစည်းမျဉ်း သတ်မှတ် ချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ မြေအသုံးချမှုတိုးချဲ့ခြင်းထက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးကို အာရုံစိုက်သင့်ကြောင်းကို ဆီအုန်းကဏ္ဍတွင် ပါဝင်ပတ်သက်သူများအား အမြဲသတိပေး ပြောကြားကြောင်း၊ မလေးရှားနိုင်ငံအနေဖြင့် ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များကို အပြည့်အဝလိုက်နာသည့် နိုင်ငံဖြစ်ရမည်ဖြစ်ကြောင်း” ပြော ကြားခဲ့ပါသည်။

၎င်းက ဆီအုန်းစိုက်ပျိုးမှုအတွက် သစ်တောပြုန်းတီးမှုများမှ ကာကွယ်ရေး မလေးရှား နိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပါသည်။ မလေးရှားနိုင်ငံသည် ရေရှည် တည်တံ့ရေး ဆိုင်ရာမျှော်မှန်းချက်များကို ချမှတ်ထားပြီး အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်များတွင်လည်း ပါဝင်လက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်ပါသည်။ ၎င်းတို့တွင် ၂၀၅၀ ပြည့်နှစ် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုသုညဖြစ်ရေး၊ ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန် ထုတ်လွှတ်မှု ၄၅ ရာခိုင်နှုန်း လျှော့ချခြင်း၊ ၂၀၃၀ ပြည့်နှစ်တွင် မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု ၃၀ ရာခိုင်နှုန်း လျှော့ချခြင်း၊ သစ်တောဖုံးလွှမ်းဧက အနည်းဆုံး ၅၀ ရာခိုင်နှုန်းရှိစေရေး စသည် တို့ပါဝင်ပါသည်။

မလေးရှားနိုင်ငံသည် ဥရောပသမဂ္ဂဈေးကွက်ကို မဆုံးရှုံးစေရေးအတွက်  နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို ကမ္ဘာက လက်ခံလာသည့် ရေရှည်တည်တံ့သည့် လုပ်ငန်းကဏ္ဍဖြစ်စေရေး၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် တာဝန်ယူ မှုရှိသည့် ပတ်ဝန်းကျင်ဖြစ်စေရေးကို အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

ရင်းမြစ်။        မလေးရှားစားအုန်းဆီအသင်း (Malaysian Palm Oil Association – MPOA)

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News