ကော်ပိုရေးရှင်းများ ပွင့်လင်းမြင်သာမှုရှိရေးအက်ဥပဒေ (Corporate Transparency Act) အရ အမေရိကန်နိုင်ငံသားများနှင့် ပြည်တွင်းကုမ္ပဏီများအစီရင်ခံရာတွင် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု (Beneficial Ownership) အချက်အလက်များကို အစီရင်ခံရမည့် စည်းမျဉ်းနှင့် ပတ်သက်၍ ပြစ်ဒဏ် သို့မဟုတ် ဒဏ်ငွေချမှတ်ခြင်းသည် အသက်ဝင်မည်မဟုတ်သကဲ့သို့ အမေရိကန်နိုင်ငံသားများ သို့မဟုတ် ပြည်တွင်းကုမ္ပဏီများ သို့မဟုတ် အကျိုးအမြတ်ရရှိ ပိုင်ဆိုင်သူများ (Beneficial Owners) အပေါ်တွင်လည်း မည်သည့်ပြစ်ဒဏ် သို့မဟုတ် ဒဏ်ငွေ များမှ ချမှတ်သွားမည်မဟုတ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနသည် အလုပ်ကြိုးစား လုပ်ကိုင် လျက်ရှိကြသည့် အမေရိကန်နိုင်ငံသား အခွန်ထမ်းများ၊ အသေးစားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန် ဤသို့ထုတ်ပြန်ခြင်းဖြစ်ပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် အမေရိကန်နိုင်ငံသား များ၏ အကျိုးစီးပွားကိုမြှင့်တင်နိုင်ရန် ဖြစ်ပါကြောင်းနှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က “ဤအရေးယူဆောင်ရွက်မှုသည် အမေရိကန်စီးပွားရေး၏ ကျောရိုးဖြစ် သည့် အသေးစားလုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လျက် ရှိသောလုပ်ထုံးလုပ်နည်းများ ကိုလျှော့ချရန် အမေရိကန်သမ္မတ၏ ဆောင်ရွက်ချက်တစ်စိတ်တစ်ပိုင်း ဖြစ်သည်” ဟု ပြောကြားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂-၃-၂၀၂၅ ရက်ထုတ်ပြန်ခဲ့သည့် ကော်ပိုရေး ရှင်းများ ပွင့်လင်းမြင်သာမှုရှိရေးအက်ဥပဒေအရ အမေရိကန်နိုင်ငံသားများနှင့် ပြည်တွင်း ကုမ္ပဏီများ အစီရင်ခံခြင်းနှင့်ပတ်သက်၍ အာဏာသက်ဝင်မှုကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆိုင်းငံ့ခဲ့ခြင်းနှင့်ပတ်သက်သော ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အဆိုပါဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အပေါ် အမေရိကန်သမ္မတအိမ်ဖြူတော်က “အသေးစား စီးပွားရေးလုပ်ငန်းများအတွက် အောင်မြင်မှုတစ်ရပ် (A victory for small business)ဟု ဖော်ပြခဲ့ပြီး အစီရင်ခံစာပြုစုရာတွင် စီးပွားရေးလုပ်ငန်းများ ကြုံတွေ့ရလျက်ရှိ သည့် လိုအပ်ချက်များသည် ကုန်ကျစရိတ်တိုးစေကာ ကုန်ထုတ်လုပ်မှုလျော့ကျစေသဖြင့် ယခုကဲ့သို့ဆိုင်းငံ့ခြင်းသည် ယင်းသို့သောအတားအဆီးများကို အောင်မြင်ခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။