International News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဟောင်ကောင်ဒေသ၌ ငွေကြေးဖောင်းပွမှု ၂ ရာခိုင်နှုန်း မြင့်တက်

Last Updated:

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဟောင်ကောင်ဒေသ၌ ငွေကြေးဖောင်းပွမှု ၁.၄ ရာခိုင် နှုန်းရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု Hong Kong Business သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် “HK inflation up 2% in January” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

          အစိုးရ၏ ထောက်ပံ့ရေးဆောင်ရွက်ချက်များကို ထည့်သွင်းတွက်ချက်ခြင်းမပြုပါက ငွေကြေးဖောင်းပွမှုမှာ ၁.၆ ရာခိုင်နှုန်းရှိပြီး  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလထက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခဲ့ကြောင်းရေးသားဖော်ပြထားပါသည်။

ကုန်စည်အမျိုးအစားအများအပြား ဈေးနှုန်းမြင့်တက်ခဲ့ရာ အရက်နှင့် ဆေးလိပ်၊ လျှပ်စစ် ဓာတ်အား၊ ဓာတ်ငွေ့နှင့်ရေ၊ သယ်ယူပို့ဆောင်ရေး၊ အခြားဝန်ဆောင်မှုအမျိုးမျိုး၊ ဆိုင်တွင်ရောင်း ချသည့် အစားအစာများ၊ အိမ်ရာအဆောက်အဦ၊ အခြားကုန်စည်အမျိုးမျိုးနှင့် အခြေခံစားကုန် တို့မှာ ဈေးနှုန်းမြင့်တက်သည့် ကုန်စည်များဖြစ်ကြောင်းနှင့် ယခင်နှစ်ကထက် ဈေးနှုန်းကျဆင်း သည့် ကုန်စည်များမှာ အဝတ်အထည်နှင့်ဖိနပ်၊ တာရှည်ခံကုန်စည်များဖြစ်ကြောင်း  ဟောင်ကောင် ဒေသအစိုးရ၊ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနက ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထား ပါသည်။ 

စားသောက်ကုန်ဈေးနှုန်း အနည်းငယ်မြင့်တက်ခြင်းနှင့် စွမ်းအင်ကုန်ကျစရိတ် အသင့် အတင့်မြင့်တက်ခြင်းများနှင့်အတူ ဟောင်ကောင်ဒေသ၌ ငွေကြေးဖောင်းပွမှု အသင့်အတင့်ရှိ ကြောင်း ဒေသအစိုးရမှ ပြောကြားခဲ့ပါသည်။

လတ်တလောကာလအတွင်း ဟောင်ကောင်ဒေသ၏ ငွေကြေးဖောင်းပွမှုအခြေအနေမှာ သိသိသာသာပြောင်းလဲမှုမရှိနိုင်သော်လည်း ဟောင်ကောင်ဒေသ၌ ကုန်ကျစရိတ် မြင့်တက်လာ ခြင်းနှင့် ပြင်ပဈေးနှုန်းမှ သက်ရောက်လာမည့် ဖိအားတို့မှာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ သို့သော် ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ကုန်သွယ်မှုပဋိပက္ခများကြောင့် မရေရာမှုများ ဖြစ်ပေါ် နိုင်ကြောင်း  ဟောင်ကောင်ဒေသအစိုးရ သတိပေးထားသည်ဟု စသည်ဖြင့် ရေးသားဖော်ပြထား ပါသည်။

 

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

Category: International News