International News

ဇန်နဝါရီလအတွင်း ဟောင်ကောင်လေဆိပ်အသုံးပြုသွားလာသည့် ခရီးသွားအရေအတွက် ၂၇.၈ ရာခိုင်နှုန်း မြင့်တက်

Last Updated:

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြု သွားလာခဲ့သည့် ခရီးသွားအရေအတွက် ၅.၂၈ သန်းရှိခဲ့ခြင်းကြောင့် ယခင်နှစ်ကထက် ၂၇.၈ ရာခိုင် နှုန်း တိုးတက်ခဲ့ကြောင်း ဟောင်ဟောင်လေဆိပ် အာဏာပိုင်အဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြောကြားခဲ့ကြောင်း Dim sum daily သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် “Hong Kong International Airport reports 27.8% rise in January passenger traffic” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အလားတူ လေကြောင်းလိုင်းများသွားလာမှုအနေဖြင့်လည်း ယခင်နှစ်ကထက် ၁၇ ရာခိုင် နှုန်း တိုးတက်ခဲ့ပြီး စုစုပေါင်းသွားလာမှု ၃၃,၆၆၀ ကြိမ်ရှိခဲ့ကြောင့် ကိုဗစ်မတိုင်မီကာလ အခြေအ နေ ရောက်ရှိနေပြီးဖြစ်ကြောင်း၊ ဇန်နဝါရီလ ၂၄ ရက် တစ်ရက်တည်းတွင် လေဆိပ်အသုံးပြု ခရီး သွားဦးရေ ၁၉၃,၀၀၀ ဦး ရှိသည့်အတွက် တစ်ရက်တည်းသွားလာမှုအမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ မတိုင်မီ အခြေအနေအတိုင်း အပြည့်အဝ ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း ရေးသား ဖော်ပြထားပါသည်။

သွားလာသည့် ခရီးသွားများတွင် ဟောင်ကောင်ဒေသခံများ၊ ခရီးသွားဧည့်သည်များ၊ ကူးပြောင်းသွားလာသည့် ခရီးသည်များပါဝင်ပြီး သိသိသာသာ မြင့်တက်လာသည့် သွားလာမှုမှာ အရှေ့တောင်အာရှ၊ တရုတ်ပြည်မနှင့် ဂျပန်နိုင်ငံတို့မှ ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

(၁၂) လတာ ကာလအတွင်း ခရီးသည်သွားလာမှု ၃၀.၅ ရာခိုင်နှုန်း၊ ခရီးသွားဦးရေ ၅၄.၂ သန်း နှင့်  လေကြောင်းလိုင်းပျံသန်းသွားလာမှု ၂၇.၆ ရာခိုင်နှုန်း၊ စုစုပေါင်းသွားလာမှု ၃၆၈,၁၉၅ ကြိမ် အထိ မြင့်တက်ခဲ့ကြောင်း၊ ကုန်စည်ဖြတ်သန်းသယ်ဆောင်မှုမှာလည်း ၁၂ ရာခိုင်နှုန်း၊ တန်ချိန် ၄.၉၅ သန်း မြင့်တက်ခဲ့ခြင်းကြောင့် ဟောင်ကောင်လေဆိပ်လည်ပတ်မှု အခြေအနေမှာ ဆက်လက် ဦးမော့နေမည်ဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

Category: International News