အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာ့နည်းပညာအားပြိုင်ပွဲတွင် အမှီ လိုက်နိုင်ရန် သိပ္ပံနှင့် တီထွင်ဆန်းသစ်မှုများတွင် ထိုင်းနိုင်ငံအနေဖြင့် ပိုမိုကောင်းမွန်သော မူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှုများလိုအပ်ကြောင်း ပညာရှင်များက သုံးသပ်ပြောကြားခဲ့ပါသည်။
ဒေါ်နယ်ထရမ့်၏ အုပ်ချုပ်ရေးဆိုင်ရာများကြောင့် အဆင့်မြင့်စက်မှုနယ်ပယ်များတွင် ထိုင်းနိုင်ငံ ၏ အဆင့်မြင့်မှုကို သက်ရောက်နိုင်ပြီး ထိုင်းနိုင်ငံအနေဖြင့် မည်သို့ပြင်ဆင်ရမည်ကို “Trump 2.0: Crisis or Opportunity for Thailand’s Science, Research and Innovation Sectors?” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါကြောင်း၊ အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့်ပြန်လည် ရောက်ရှိလာခြင်းသည် ကမ္ဘာကြီးကို ပြောင်းလဲခဲ့ပါကြောင်း၊ အမေရိကန်သည် မိမိကိုယ်ကို ယုံကြည်မှု ကို အထူးအလေးထားပြီး ဈေးကွက်ခွဲခြားမှုကို ဆောင်ရွက်လျက်ရှိသကဲ့သို့ အမေရိကန် ကုမ္ပဏီများကို လည်း ၎င်းတို့၏ ထုတ်လုပ်မှုအခြေစိုက်များကို မိမိနိုင်ငံသို့ ပြန်လည် အခြေချရန်နှင့် မိမိကိုယ်ကို ကာကွယ်သည့် ကုန်သွယ်ရေးမူဝါဒများကို ထုတ်ပြန်ခဲ့ကြောင်း သိပ္ပံ၊ နည်းပညာနှင့် တီထွင်မှုမူဝါဒ အင်စတီကျု ညွှန်ကြားရေးမှူး Mr. Bank Ngamarunchot က သုံးသပ်ထားပါသည်။
ထရမ့်အစိုးရသည် ကမ္ဘာ့နည်းပညာနှင့် တီထွင်မှု ထောက်ပံ့မှုကွင်းဆက်တွင် ၎င်း၏ စွမ်းအားကို ပိုမိုခိုင်မာစေရန် ၂၀၂၈ ခုနှစ်တွင် ဉာဏ်ရည်တု (Artificial Intelligence-AI) တွင် ဒေါ်လာ ၇၀၀ ဘီလီ ယံရင်းနှီးမြှုပ်နှံရန် ကတိပြုထားပါကြောင်း၊ ထရမ့်၏ AI နှင့် ကိုယ်ကျိုးကာကွယ်ကုန်သွယ်ရေး မူဝါဒ များသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ထိခိုက်နိုင်ပြီး အထူးသဖြင့် အမေရိကန်ဈေးကွက်သို့ ဝင်ရောက် မည့် ထိုင်းနိုင်ငံ၏ ထုတ်ကုန်များအတွက် အခက်အခဲဖြစ်စေနိုင်သကဲ့သို့ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံ ခြားနည်းပညာများကို ရယူရာ၌လည်း အခက်အခဲဖြစ်စေမည်ဖြစ်ကြောင်း၊ အမေရိကန်ဈေးကွက်သို့ မဝင်ရောက်နိုင်သော တရုတ်ထုတ်ကုန်များသည် ထိုင်းနှင့် အာဆီယံဈေးကွက်အတွင်းသို့ စီးဝင်ရောက် ရှိလာနိုင်သဖြင့် ထိုင်းထုတ်လုပ်သူများအနေဖြင့်လည်း ဈေးကွက်ယှဉ်ပြိုင်မှုတွင် ပြင်းထန်နိုင်ကြောင်း ၎င်းက ဖြည့်စွက်သုံးသပ်ထားပါသည်။
တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ထုတ်လုပ်မှုအခြေစိုက်များ ပြောင်းရွှေ့လာနိုင်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် ထိုင်းနိုင်ငံအတွက် အခွင့်အလမ်းများရှိလာနိုင်သော အခြေအနေဖြစ် ပါကြောင်း၊ ပြောင်းလဲလာသော အခြေအနေမှ အကျိုးအမြတ်ရရှိရန်မှာ ကမ္ဘာ့စင်မြင့်ထက်တွင် ယှဉ် ပြိုင်ရန် အလားအလာရှိသော ထိုင်းနိုင်ငံသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ရင်းနှီးမြှုပ်နှံမှုကို မဟာဗျူဟာကျကျမြှင့်တင်သင့်ကြောင်း၊ စိုက်ပျိုးရေးနည်းပညာ၊ စမတ်ခရီးသွား ပလက်ဖောင်း၊ ကျန်းမာရေးခရီးသွားနှင့် ဇီဝနည်းပညာတို့တွင် ဖြစ်ကြောင်း၊ စက်မှုကဏ္ဍ၏ လိုအပ်ချက်များဖြစ်သော သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကို သေချာစေရန်အတွက် အစိုးရသည် အစိုးရ၊ ပုဂ္ဂလိကနှင့် ပညာ ရေးကဏ္ဍများအကြား ပေါင်းစည်းဆောင်ရွက်နိုင်မည့် ယန္တရားတစ်ခုကို တည်ထောင်သင့်ကြောင်း၊ နိုင်ငံသည် ခေတ်ဟောင်းလုပ်ထုံးလုပ်နည်းများပြင်ဆင်ခြင်း၊ ငယ်ရွယ်သော လုပ်ငန်းရှင်များကို ထောက်ပံ့ပေးခြင်းနှင့် နည်းပညာသစ်များကို ဆောင်ရွက်သည့် ကုမ္ပဏီများကို ထောက်ပံ့ပေးခြင်းဖြင့် ရင်းနှီးကျွမ်းဝင်သော ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်လိုအပ်ကြောင်း၊ ဒီဂျစ်တယ်ခေတ်တွင် လိုအပ်သော အဓိကအရည်အသွေးများဖြစ်သည့် သိပ္ပံ၊နည်းပညာ၊အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်များ (Science, Technology, Engineering and Mathematics-STEM) တွင် ပညာရေး နှင့် သင်တန်းများကို မြှင့်တင် သင့်ကြောင်း နိုင်ငံအဆင့် သိပ္ပံ၊ သုတေသနနှင့် တီထွင်မှု မြှင့်တင်ရေး ကော်မရှင် အဖွဲ့ဝင် Mr. Arm Tungnirun က ဖြည့်စွက်သုံးသပ်ထားပါသည်။
Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။