International News

ထိုင်းနိုင်ငံ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီများက ပို့ကုန်ဈေးကွက်အသစ် များ ရှာဖွေလျက်ရှိ

Last Updated:

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးအခွန်မူဝါဒအသစ်အပေါ် စိုးရိမ်မှု မြင့်တက် လာလျက်ရှိရာ ထိုင်းမော်တော်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်သည့် လုပ်ငန်းရှင်များက ပို့ကုန်ဈေး ကွက်အသစ်များ ရှာဖွေလျက်ရှိကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်က ပြောကြားချက်အရ သိရှိ ရပါသည်။

ထရမ့်က ကနေဒါနှင့် မက္ကဆီကိုတို့မှ သွင်းကုန်များအပေါ် မတ်လ ၄ ရက်နေ့မှစ၍ ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဖြစ်ကြောင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြောကြားခဲ့ကြောင်း၊ တရုတ်ကို လည်း အဆိုပါ နေ့ရက်မှစ၍ ထပ်တိုးအခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံရမည်ကို မီဒီယာများတွင် ဖော်ပြ ထားပါကြောင်း၊ ယင်းနိုင်ငံများသည် အမေရိကန်အတွင်းသို့ မူးယစ်ဆေးများ တရားမဝင်တင်သွင်း နေသည်ကို လုံလုံလောက်လောက်မတားဆီးနိုင်သေးပါကြောင်း၊ ထိုင်းမော်တော်ယာဉ် အစိတ်အပိုင်း များ ထုတ်လုပ်သူများသည် မက္ကဆီကိုတွင် ရင်းနှီးမြှုပ်နှံထားသော ဂျပန်ကားကုမ္ပဏီများမှတစ်ဆင့် သွယ်ဝိုက်၍ မက္ကဆီကိုသို့ တင်ပို့လျက်ရှိကြောင်း၊ အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေဖြစ်ပေါ်နေသော ကြောင့် ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်၏ အခွန်ကြုံတွေ့လာနိုင်သည်ဖြစ်ရာ အသင်းချုပ်သည် စောင့်ကြည့်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ထိုင်းသည် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၃၅ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း Cluster of FTI future Mobility-ONE (CFM-ONE) အတွင်းရေးမှူး Mr. Suphot Sukphisarn က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် အမေရိကန်သည် ထိုင်းနိုင်ငံ၏ အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်ခဲ့ပြီး စုစုပေါင်း တင်ပို့မှု၏ ၁၈.၃ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၅၄.၉ ဘီလီယံကို ကိုယ်စားပြုပါကြောင်း၊ ဘဏ် များနှင့် မော်တော်ယာဉ်ဆိုင်ရာ ဘဏ္ဍာရေးကုမ္ပဏီများ၏ ပိုမိုတင်းကျပ်လာသော ချေးငွေသတ်မှတ် ချက်များနှင့် ဝယ်ယူမှုကျဆင်းနေသောကြောင့် မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်သူများသည် ပြည်တွင်းဈေးကွက်တွင် ကာလရှည်ကြာ ရုန်းကန်ခဲ့ရပါကြောင်း၊ ဈေးကွက်သည် လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း ပြန်လည်ကောင်းမွန်နိုင်ဖွယ် မရှိပါကြောင်း၊ ယင်းသည် လက်ရှိ၌ လုပ်သား ၇၀၀,၀၀၀ အလုပ်လုပ်ကိုင်နေသော မော်တော်ယာဉ်အစိတ်အပိုင်းစက်ရုံတွင် အလုပ်လက်မဲ့ဖြစ်စေမည် ဖြစ် ကြောင်း၊ အချို့သော ထုတ်လုပ်သူများက အလုပ်လုပ်ရက်များကို လျှော့ချ၍ လုပ်ခလစာများ ဖြတ် တောက်လျက်ရှိကြောင်း၊ မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်သူများက ရောင်းအား ကျဆင်းလျက် ရှိသော ပစ်ကပ်အမျိုးအစားအတွက် ထောက်ပံ့ပေးလျက်ရှိကြောင်း Mr. Suphot က ဆက်လက်ပြော ကြားခဲ့သည်။

မော်တော်ယာဉ်အစိတ်အပိုင်းထုတ်လုပ်သူများသည် တရုတ်လျှပ်စစ်မော်တော်ကား ထုတ်လုပ် သူများသို့ ထောက်ပံ့ပေးနိုင်မည့် အစိတ်အပိုင်းသစ်များ ထုတ်လုပ်ရန် အသင်းချုပ်အနေဖြင့် အားပေး လိုကြောင်း၊ သို့သော် အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်နည်းပညာမှ ထုတ်လုပ်မှုကို ပြောင်းလဲရန်မှာ အချိန်ကာလလိုအပ်မည်ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ကားများအတွက် သတ်မှတ်ဒီဇိုင်းများကို ထုတ်လုပ်ရန်မှာ ၁ နှစ်မှ ၂ နှစ်ကြာနိုင်ကြောင်း အသင်းချုပ်၏ မော်တော်ယာဉ်အစိတ်အပိုင်း စက်မှု အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Ampol Hompleum က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News