International News

ယူအေအီး - ဂျပန် စီးပွားရေး ဆက်ဆံမှုအားကောင်းစေရန် ဂျပန်၊ကျိုတိုကုန်သွယ်ရေးပြပွဲ ၂၀၂၅ ကို ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ခင်းကျင်းပြသသွားမည်

Last Updated:

ဂျပန်နိုင်ငံ၊ MAICO Enterprises Inc. မှ ဒူဘိုင်းကမ္ဘာ့ကုန်သွယ်ရေးစင်တာ (DWTC) ခန်းမ (၄) တွင်  ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်မည့် ဂျပန်၊ကျိုတိုကုန်သွယ်ရေးပြပွဲ ၂၀၂၅ ကို ကြေငြာခဲ့ပါသည်။

အဆိုပါ သုံးရက်ကြာကျင်းပပြူလုပ်သည့် အဆင့်မြင့်ပြပွဲသည် ယူအေအီးနိုင်ငံနှင့်ဂျပန်နှစ်နိုင်ငံတို့ အကြား ကုန်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်ပြီး ရိုးရာဂျပန်လက်မှုပညာရပ်များမှ ခေတ်မီနည်းပညာ များအထိ အမျိုးမျိုးသော စီးပွားရေးလုပ်ငန်းမျိုးစုံကို ပြသသွားမည်ဖြစ်ပါသည်။

ဒူဘိုင်းတွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် စီးပွားရေးလုပ်ငန်းဦးဆောင်သူများက ဂျပန်နှင့်ယူအေအီး နှစ်နိုင်ငံအကြား ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (CEPA) ညှိနှိုင်းဆောင်ရွက်မှုများ၏ အရေးပါမှုအပေါ်အလေးထားပြောကြားခဲ့ပြီး ပူးပေါင်းဆောင် ရွက်မှုနှင့် ရေရှည်တည်တံ့သောတိုးတက်မှုအတွက် လမ်းစသစ်များဖွင့်ပေးနိုင်ရန်မျှော်လင့်လျက် ရှိကြောင်းနှင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှစတင်ဆောင်ရွက်ခဲ့သည့် အဆိုပါသဘောတူညီချက် သည် နှစ်နိုင်ငံစလုံးအတွက် ကုန်သွယ်မှုဆက်ဆံရေးကိုနက်ရှိုင်းစေပြီး နှစ်နိုင်ငံစလုံးအတွက် စီးပွား ရေးသာယာဝပြောရေးကို မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

Ringo Inc. ဥက္ကဌနှင့်ပြပွဲကျင်းပရေးကော်မတီ၏အမှုဆောင်အကြံပေးပုဂ္ဂိုလ် Toshimi Yamazaki က ယခုပြပွဲသည် လက်ရှိ CEPA ဆွေးနွေးမှုများနှင့်ကိုက်ညီမှုရှိပြီး စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများ ပိုမိုအားကောင်းလာစေရန်အတွက် အရေးကြီးသောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ဂျပန်နိုင်ငံ၏စီးပွားရေးလုပ်ငန်းကွဲပြားမှုများကိုပြသသည့် B2B လမ်း ကြောင်းကိုပေးအပ်ရာတွင် ယခုပြပွဲ၏အခန်းကဏ္ဍကို မီးမောင်းထိုးဖော်ပြခဲ့ပါသည်။

လာမည့် ၂၀၂၅ ခုနှစ်ပြပွဲတွင် အစားအသောက်၊ အလှအပ၊ ဗိသုကာပညာနှင့်အာကာသနည်းပညာ များအပါအဝင် ဂျပန်စီးပွားရေးလုပ်ငန်းအမျိုးမျိုးမှ ပြခန်းများကို ပြသသွားမည်ဖြစ်ပါသည်။ MAICO Enterprises ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mai Sakaue ကအဆိုပါပွဲသည် ပြပွဲပြသသူပေါင်း ၁၅၀ ကျော်နှင့်လာရောက်ကြည့်ရှုသူ ၃၀,၀၀၀ အထိ ဆွဲဆောင်နိုင်ရန် ရည်မှန်းထားပြီး ၂၀၂၄ ခုနှစ် တွင် စတင်ကျင်းပခဲ့သည့် ဧည့်သည်ပေါင်း ၁၂,၀၀၀ ကို ကျော်လွန်နိုင်စေရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

ပြပွဲကို အရှေ့အလယ်ပိုင်းဒေသရှိ ဂျပန်နိုင်ငံ၏စီးပွားရေးလုပ်ငန်းများနှင့်ကိုက်ညီသည့် အကြီးမား ဆုံးသော ပြပွဲတစ်ရပ်ဖြစ်လာရန် မျှော်လင့်ထားပြီး ယူအေအီးနိုင်ငံ၊ GCC နိုင်ငံများနှင့် MENA ဒေသ နိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများအတွက် တိုးတက်မှုအခွင့်အလမ်းသစ်များရှာဖွေရန်နှင့် ဂျပန်နိုင်ငံ နှင့်စီးပွားရေးမိတ်ဖက်များခိုင်မာစေရန်အတွက် အဖိုးတန်အခွင့်အလမ်းတစ်ရပ်ကိုပေးအပ်လိမ့်မည် ဖြစ်ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

 

Source:                            Emirates News Agency

Date:                               1.12.2024

Economic Counsellor (Dubai)

Category: International News