ပြည်တွင်း အစားအသောက်ကုန်စည်ဈေးနှုန်းများ မြင့်တက်ခြင်း (Food Inflation) များ သက်သာလျော့နည်းစေရန်၊ ဆန်ဈေးနှုန်းများ လျော့ကျမှုကို အထောက်အကူဖြစ်စေရန် ဆန်တင်သွင်း သူများအနေဖြင့် ဈေးနှုန်းသင့်တင့်မျှတသောဆန် အထူးသဖြင့် ၂၅ မှတ်ဆန်အမျိုးအစား (25% broken grain content) များကို ဦးစားပေးတင်သွင်းရန် စိုက်ပျိုးရေးဝန်ကြီးမှ ဆန်တင်သွင်းသူများကို ၃-၁-၂၀၂၅ ရက်နေ့က ခေါ်ယူတွေ့ဆုံ၍ တိုက်တွန်းပြောကြားခဲ့ပါသည်။
သမ္မတမားကို့စ်ဂျူနီယာအစိုးရ၏ Kadiwa ng Pangulo (Rice-for-all Program) အရ မြို့တော်မနီလာအပါအဝင် မြို့နယ်များတွင် ဆန် well-milled rice တစ်ကီလိုလျှင် ပီဆို-၄၀ မှ ၄၅ ကြားဖြင့် ရောင်းချပေးနေသည့် အစီအစဉ်များကို အထောက်အပံ့ဖြစ်စေရန်မှာ ပုဂ္ဂလိကကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍအနေဖြင့် ပါဝင်နေပါကြောင်း၊ Kadiwa ဆန်လက်လီရောင်းချသည့်ဆိုင် များအား လက်ရှိ မက်ထရိုမနီလာတွင် ၂၆ ဆိုင်ဖွင့်လှစ်ထားရှိနိုင်ခဲ့ပြီး မနီလာမြို့တွင်း ကျန်ရှိသည့် မြို့နယ်များတွင်လည်း ဆက်လက် ဖွင့်လှစ်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
Kadiwa Center များသည် အမှန်တကယ်လိုအပ်နေသည့်လူများအတွက် အခြေခံစားသုံးကုန် စည်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရန် ဖွင့်လှစ်ထားရှိခြင်းဖြစ်ပါကြောင်း၊ အထူးသဖြင့် ဆန်ကဲ့သို့သော အဓိကလိုအပ်သည့် အခြေခံစားသောက်ကုန်စည်များကို တန်ဖိုးနည်းပါး သည့်နှုန်းထားဖြင့် လက်လှမ်းမီနိုင်စေရန် ရည်ရွယ်ပါသည်။ စားသုံးသူများအတွက် ယခုကဲ့သို့ အစီ အစဉ်များဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်တွင်လည်း အစိုးရအနေဖြင့် စပါးတောင်သူများနှင့် ဆန် တင်သွင်းနေသည့် ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များသို့လည်း အထွက်နှုန်းတိုးစေရေး၊ သင့်တင့်သည့် အမြတ်ရရှိနိုင်စေရေး လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း ဖော်ပြပါရှိပါသည်။
စီးပွားရေးသံမှူး၊ မနီလာမြို့