International News

ယူအေအီးနိုင်ငံ၏ Emirates လေကြောင်းလိုင်းနှင့် မော်လ်တာခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့မှ ပြည်တွင်းနိုင်ငံတကာခရီးသွားလုပ်ငန်းအားမြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ခဲ့

Last Updated:

Emirates လေကြောင်းလိုင်းမှ မော်လ်တာခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့နှင့် နားလည်မှုစာချွန် လွှာ (MoU) တစ်ရပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး မော်လ်တာကျွန်းနို်ငငံ၏ ပြည်တွင်းနိုင်ငံတကာခရီး သွားလုပ်ငန်းအားမြှင့်တင်သွားရန်နှင့် မြေထဲပင်လယ်ဒေသ၏ဦးစားပေးခရီးစဉ်ဒေသတစ်ခုအဖြစ် ရောက်ရှိစေရန်ကြိုးပန်းမှု့အပေါ် ခိုင်မာစေခဲ့ပါသည်။

ITB Berlin နိုင်ငံတကာခရီးသွားပြပွဲတွင် တရားဝင်ပြုလုပ်ခဲ့သည့် အဆိုပါသဘောတူညီချက်အား Emirates လေကြောင်းလိုင်းမှ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း (အနောက်ဥရောပနှင့် အမေရိက တိုက်) ဌာနမှအကြီးတန်းဒုတိယဥက္ကဌဖြစ်သူ Thierry Aucoc နှင့် မော်လ်တာနိုင်ငံခရီးသွားလာရေး လုပ်ငန်းအာဏာပိုင်အဖွဲ့မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Carlo Micallef တို့က လက်မှတ်ရေးထိုး ခဲ့ကြခြင်း ဖြစ်ပါသည်။

ဤမဟာဗျူဟာမြောက်မဟာမိတ်အဖွဲ့သည် Emirates လေကြောင်းလိုင်း၏ ကြီးမားသောကမ္ဘာလုံး ဆိုင်ရာကွန်ရက်ကိုအသုံးပြုကာ မော်လ်တာကျွန်း၏ထူးခြားသော ကမ်းလှမ်းမှုများကိုအလေးပေး၍ ခရီးသွားဈေးကွက်အားမြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဓိကလုပ်ဆောင်ချက်များတွင် မော်လ်တာကျွန်းအားအပန်းဖြေဝင်ပေါက်အဖြစ်ပြသနိုင်ရန် ပုံဖော်ထားသည့် ထိပ်တန်းစျေးကွက် များအတွက်မီဒီယာများနှင့် ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များပါဝင်မည်ဖြစ်ပြီး နှစ်ဖက်စလုံးမှခရီးသွား အော်ပရေတာများနှင့်ခရီးသွားအေးဂျင့်များတို့က ပူးတွဲကြော်ငြာလှုပ်ရှားမှုလုပ်ငန်းများနှင့် ခရီးသွား မြှင့်တင်ရေးပက်ကေ့ချ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Emirates လေကြောင်းလိုင်း ၏ လက်ထောက်ဥက္ကဌနှင့် ကူးသန်းရောင်းဝယ်ရေးအရာရှိချုပ် Adnan Kazim ကအဆိုပါပူးပေါင်းဆောင်ရွက်မှုသည် ၎င်းတို့၏ဥရောပတိုက်ကွန်ရက်တွင် နှစ်ပေါင်း ၂၀ ကျော်ကြာအထင်ကရနေရာတစ်ခုဖြစ်ခဲ့သည့် Emirates လေကြောင်းလိုင်း၏မော်လ်တာကျွန်းနိုင်ငံ အားလက်ရှိပံ့ပိုးကူညီမှုကို ထင်ဟပ်စေသည်ဖြစ်ကြောင်းဖော်ပြခဲ့ပြီး ယခုသဘောတူညီချက်သည် မော်လ်တာကျွန်း၏ခရီးသွား လုပ်ငန်းအားမြှင့်တင်ရန်နှင့် ပြည်တွင်းနိုင်ငံတကာခရီးသွားများအား တိုးမြှင့်နိုင်မည့်၎င်းတို့၏ကတိကဝတ်ကို အားဖြည့်ပေးလျှက်ရှိကြောင်း ၎င်းပြောကြားခဲ့ပါသည်။

မော်လ်တာကျွန်းနို်ငငံ၏ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် ခရီးသွားလာရေးဝန်ကြီး Hon. Ian Borg က မော်လ်တာနှင့် Emirates လေကြောင်းလိုင်းတို့အကြား ဆက်ဆံရေးကိုပိုမိုတိုးမြှင့်ရာတွင် ဤပူးပေါင်းဆောင်ရွက်မှု၏အရေးပါမှုကို မီးမောင်းထိုးဖော်ပြခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာခရီးသွားများကို ပိုမိုကျယ်ပြန့်စွာချိတ်ဆက်နိုင်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်အထိ Emirates လေကြောင်းလိုင်းအနေဖြင့် ဒူဘိုင်းနှင့်မော်လ်တာအကြားတွင် ခရီး သွားဧည့်သည်ပေါင်း ၁.၂ သန်းကျော်တို့ကိုပို့ဆောင်ပေးနိုင်ခဲ့ပြီး မော်လ်တာကျွန်း၏ရေပန်းစားမှုမှာ တိုးတက်လာခဲ့ကာ လည်ပတ်စရာနေရာတစ်ခုအဖြစ်ပိုမိုထင်ရှားလျှက်ရှိကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source:                            Emirates News Agency

Date:                               5.3.2025

Nanda Soe Myint             Economic Counsellor (Dubai)

Category: International News