International News

ယူအေအီးစျေးကွက်များတွင် တရုတ်စီးပွားရေးလုပ်ငန်းကုမ္ပဏီပေါင်း ၁၅,၀၀၀ ကျော်ရှိ

Last Updated:

ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များ စတင်ဖော်ထုတ်ရန်၊ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန်နှင့် နှင့် ကမ္ဘာတစ်ဝှမ်းရှိ အနာဂတ်စီးပွားရေးကို မွေးထုတ်ပေးရန်အတွက် ယူအေအီးနိုင်ငံမှစီမံဆောင် ရွက်လျှက်ရှိသော ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းသစ်တစ်ခုဖြစ်သည့် “Investopia 2025” သည် "အခွင့်အလမ်းသစ်များရယူခြင်း" ခေါင်းစဉ်ဖြင့် တရုတ် - အာရပ် လုပ်ငန်းရှင်များ ထိပ်သီးအစည်း အဝေးတစ်ရပ်ကိုကျင်းပပြုလုပ်ခဲ့ပြီး အာရပ်ကမ္ဘာနှင့်တရုတ်နိုင်ငံအကြား ကြီးထွားလာသော စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုကို မီးမောင်းထိုးပြသခဲ့ပါသည်။

အဆိုပါထိပ်သီးအစည်းအဝေးကို ယူအေအီးနိုင်ငံ စီးပွားရေးဝန်ကြီး Abdullah bin Touq Al Marri တက်ရောက်ပြီး ပြင်သစ်ဝန်ကြီးချုပ်ဟောင်း Jean-Pierre Raffarin၊ ယူအေအီးနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံရုံးယာယီတာဝန်ခံ Zhao Liang နှင့် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ၊ ဆုံးဖြတ်ချက်ချမှတ်နိုင်သူများနှင့် စွန့်ဦးစီးပွားရေးလုပ်ငန်းဆောင်ရွက်ကြသူပေါင်း ၄၀၀ ကျော်တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Al Marri က အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံနှင့် စီးပွားရေးမိတ်ဖက်များကို မြှင့်တင်မည့် ယူအေအီးနိုင်ငံ၏ ကတိကဝတ်ကို အလေးပေးပြောကြားခဲ့ပါသည်။ ကာလရှည်နေထိုင်ခွင့်နှင့် ၁၀၀ % နိုင်ငံခြားပိုင်ဆိုင်မှုစသည့် မူဝါဒများဖြင့် ပံ့ပိုးပေးထားသည့် လက်လီ၊ ငွေကြေးဝန်ဆောင်မှုနှင့် အိမ်ခြံမြေကဲ့သို့သော ကဏ္ဍများတွင် တရုတ်နိုင်ငံမှရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ယူအေအီးနိုင်ငံမှ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ကို ဆွဲဆောင်ထားကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ယူအေအီးနိုင်ငံသည် အရှေ့အလယ်ပိုင်းနှင့်အာဖရိကမြောက်ဘက်ဒေသ (MENA)တွင် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံအတွင်း တရုတ်ကုမ္ပဏီပေါင်း ၁၅,၅၀၀ နီးပါးခန့်မှ စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိပါသည်။

ထိပ်သီးအစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ နှင့် လုပ်သားအင်အား မြှင့်တင်ရေးတို့ အပါအဝင် အရေးကြီးသော ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပါသည်။ တရုတ်အီလက်ထရွန်နစ်တက္ကသိုလ် ဥက္ကဌ Xu Xiaolan က စက်ရုပ်များနှင့် AI ဆိုင်ရာ ကဏ္ဍများအားအဓိကအမှာစကား ပြောကြားပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အသွင်ပြောင်းရန် ၎င်းတို့၏ အလားအလာများကို မီးမောင်းထိုးဖော်ပြခဲ့ပါသည်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် စီးပွားရေးအသစ်ကို မောင်းနှင်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကိုလည်း အဆင့်မြင့် ဆွေးနွေးပွဲတွင် စူးစမ်းလေ့လာခဲ့ကြပါသည်။

ADGM Academy အဘူဒါဘီကမ္ဘာ့ဈေးကွက်တက္ကသိုလ် နှင့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာဂေဟစနစ်တစ်ခုဖြစ်သည့် Hub 71 တို့နှင့် သဘောတူညီချက်များ အပါအဝင် ၎င်းထိပ်သီးဆွေးနွေးပွဲအတွင်း မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီချက်ခြောက်ခု ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယူအေအီးနိုင်ငံ ၏ ကမ္ဘာ့စီးပွားရေးဗဟိုချက်အဖြစ် အခန်းကဏ္ဍအပေါ် အားဖြည့်ပေးခဲ့ပါသည်။ အဆိုပါထိပ်သီးအစည်းအဝေးသည် ဒေသနှစ်ခုလုံးအတွက် ရေရှည်တည်တံ့သော ဆန်းသစ်တီထွင်မှုများဖြင့် အနာဂတ်ကိုတည်ဆောက်ရာတွင် ခေတ်မီနည်းပညာများနှင့် နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများ၏ အရေးပါမှုများကို အလေးပေးဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနမှ ဖော်ပြပါရှိပါသည်။

Source:                            Emirates News Agency

Date:                               3.3.2025

Nanda Soe Myint             Economic Counsellor (Dubai)

Category: International News