International News

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က Mr. Peter Navarro အား ကုန်သွယ်ရေးအကြံပေးအဖြစ် ရွေးချယ်

Last Updated:

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က ဟားဗက်တက္ကသိုလ်ကျောင်းဆင်း စီးပွားရေးပညာရှင် နှင့် ကယ်လီဖိုးနီးယားတက္ကသိုလ် စီးပွားရေးလုပ်ငန်းဘာသာရပ်ပါမောက္ခ Mr. Peter Navarro အား ကုန်သွယ်ရေးအကြံပေးအဖြစ် ရွေးချယ်ခဲ့ပါသည်။ ဒေါ်နယ်ထရမ့်က Mr. Peter Navarro သည် “ဒေါ်နယ်ထရမ့်၏စက်မှုကဏ္ဍ၊ အကောက်ခွန်နှင့် ကုန်သွယ်ရေးအစီအစဉ်များ (The Trump Manufacturing, Tariffs, and Trade Agendas)” ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးသွားမည်ဟု ၎င်းပိုင်လူမှုကွန်ရက် ‘Truth Social’ တွင် ရေးသားဖော်ပြခဲ့ပါသည်။

Mr. Peter Navarro သည် ဒေါ်နယ်ထရမ့်၏ပထမအကြိမ်သမ္မတသက်တမ်းအတွင်း ကုန်သွယ်ရေးနှင့် စက်မှုကဏ္ဍအကြံပေးအဖြစ်ဆောင်ရွက်ခဲ့ပြီး ဒေါ်နယ်ထရမ့်အား ပြင်းထန်သော ကုန်သွယ်ရေးမူဝါဒများချမှတ်ရန်တွန်းအားပေးခဲ့သဖြင့် အခြားစီးပွားရေးအကြံပေးများနှင့် မကြာခဏ သဘောထားမတိုက်ဆိုင်မှုများ ရှိခဲ့ကြောင်း၊ ဒေါ်နယ်ထရမ့်သည် သွင်းကုန်အားလုံးအပေါ် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံရန် ၎င်း၏အဆိုပြုချက်ကို အကောင်အထည်ဖော်လိုသဖြင့် Mr. Peter Navarro ကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အသက်(၇၅)နှစ်အရွယ် Mr. Peter Navarro သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့သည့် လွှတ်တော်အဆောက်အဦးဝင်းအတွင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍  အောက်လွှတ်တော်က စုံစမ်းစစ်ဆေးမှုကို ရှောင်ရှားခဲ့သဖြင့် ထောင်ဒဏ် (၄)လကျခံခဲ့သူဖြစ်ကြောင်း၊ Mr. Peter Navarro သည် ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတ သက်တမ်းတွင် တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးစစ်ပွဲနှင့် အကောက်ခွန်အများအပြားသတ်မှတ် ကောက်ခံ၍ ကုန်သွယ်ရေးအရတင်းကျပ်သည့်အပြုအမူများချမှတ်ရန် ကူညီလုပ်ဆောင်ခဲ့သူဖြစ်ပြီး ၎င်း၏လုပ်ငန်းတာဝန်များတွင် ပြည်တွင်းစက်မှုလုပ်ငန်းများတိုးတက်ရေးကဏ္ဍလည်း ပါဝင်ပါသည်။

ဒေါ်နယ်ထရမ့်သည် ၎င်း၏ပထမအကြိမ်သမ္မတသက်တမ်းအတွင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ စီးပွားရေးပညရှင် Mr. Michael Faulkender ကို ဘဏ္ဍာရေးဒုတိယဝန်ကြီးအဖြစ်လည်းကောင်း ရွေးချယ်ခဲ့ကြောင်း သိရှိရပါသည်။

 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News