International News

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က အွန်လိုင်းငွေကြေးနှင့် ဉာဏ်ရည်တုနည်းပညာကဏ္ဍအတွက် နည်းပညာလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် Mr. David Sacks အား ရွေးချယ်

Last Updated:

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်သည် PayPal ကုမ္ပဏီ၏ ယခင်အမှုဆောင်အရာရှိချုပ် နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် Mr. David Sacks အား သမ္မတအိမ်ဖြူတော်၏ ဉာဏ်ရည်တု (Artificial Intelligence, AI) နှင့် အွန်လိုင်းငွေကြေး (Crypto) ကဏ္ဍကို ကြီးကြပ်ရန် ရွေးချယ်ကြောင်း ၎င်း၏ လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့ပါသည်။

Mr. David Sacks သည် “All-In”အမည်ဖြင့် Podcast အစီအစဉ်တစ်ခုကိုလည်း ၂၀၂၀ ပြည့်နှစ် မှစတင်ထုတ်လွှင့်ခဲ့ပြီး ထို့နောက်တွင် နိုင်ငံရေးနှင့် နည်းပညာနယ်ပယ်၌ ထင်ရှားကျော်ကြားသူ တစ်ဦးဖြစ်လာခဲ့ကြောင်း၊  Mr. David Sacks သည် အိမ်ဖြူတော်၏လုပ်ငန်းတာဝန်များကို အချိန်ပြည့် လုပ်ကိုင်လိုခြင်းမရှိဘဲ ၎င်း၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုပါ ဆက်လက်လုပ်ကိုင်လိုသည့်သဘောထား ရှိကြောင်း၊ ယခုရက်သတ္တပတ်အတွင်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက ဦးဆောင်သည့် ထွန်းသစ်စ စီးပွားရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့မည့် အစီအစဉ်တစ်ခုကိုလည်း မိတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

Mr. David Sacks အားခန့်အပ်သည့် ရာထူးနေရာသည် ရာထူးအသစ်တစ်ခုဖြစ်ပြီး နည်းပညာ ကဏ္ဍ၊ အထူးသဖြင့် အွန်လိုင်းငွေကြေးစနစ်နှင့်ပတ်သက်သည့်လုပ်ထုံးလုပ်နည်းများကို အိမ်ဖြူတော် က ဖြေလျော့လိုသည့်သဘောရှိကြောင်းနှင့် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က Mr. David Sacks သည် အိမ်ဖြူတော်၏ “သိပ္ပံနှင့်နည်းပညာကဏ္ဍ သမ္မတအကြံပေးကောင်စီ (Presidential Council of Advisors for Science and Technology)” ကို ဦးဆောင်သွားမည်ဟုလည်း ၎င်း၏လူမှုကွန်ရက်၌ ဖော်ပြခဲ့ပါသည်။

 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News