International News

ထိုင်းနိုင်ငံ၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်များ တရုတ်ဈေးကွက်သို့ တိုးချဲ့ရာတွင် အထောက်အကူပြုရန်အတွက် နယ်စပ်ဖြတ်ကျော် e-commerce (Cross Border E-Commerce-CBEC) အသုံးပြုရေး မဟာဗျူဟာနှင့်စပ်လျဉ်း၍ The International Institute of Trade and Development (ITD) က အဆိုပြုသွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်များ တရုတ်ဈေးကွက် သို့ တိုးချဲ့ရာတွင် အထောက်အကူပြုရန်အတွက် နယ်စပ်ဖြတ်ကျော် e-commerce အသုံးပြုရေး မဟာ ဗျူဟာနှင့်စပ်လျဉ်း၍ The International Institute of Trade and Development (ITD) က စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ အဆိုပြုသွားရန်ရှိကြောင်း သိရှိရပါသည်။

တရုတ်ဈေးကွက်အတွက် CBEC ကို အသုံးပြုမှုတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ရန် စီစဉ်ထားသော စီမံချက်မှ တွေ့ရှိချက်များကို ထုတ်ပြန် နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တွေ့ရှိချက်မှ CBEC သည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ တရုတ်နိုင်ငံအတွင်း ဈေးကွက်ရရှိမှု မြှင့်တင်နိုင်ရန် အခွင့်အလမ်းသစ်ကို ပေးပါကြောင်း၊ ၂၀၂၃ ခုနှစ် လေ့လာချက်အရ တရုတ် CBEC သွင်း ကုန်များသည် ဘတ် ၂.၇ ဘီလီယံခန့် ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ကိန်းဂဏန်းသည် ၂ ဆထိ တိုး တက်မှုရှိရန် ခန့်မှန်းထားပါကြောင်း၊ သွင်းကုန်များတွင် တံဆိပ်ကုန်ပစ္စည်းများ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ မုန့်များ၊ အလှကုန်များ၊ ဖြည့်စွက်စာများ၊ ဖက်ရှင်ပစ္စည်းများနှင့် လက်မှုပညာပစ္စည်းများ ဖြစ်ကြောင်း ITD ဒုတိယအကြီးတန်းညွှန်ကြားရေးမှူး Mr. Wimon Punkong က ပြောကြားခဲ့ပါသည်။

Harmonized System (HS) ကုဒ် ၁,၅၀၀ ကျော်သည် CBEC ဇုန်အတွင်းမှ တရုတ်သို့ တင်သွင်း ရန် ကိုက်ညီမှုရှိသည့် စာရင်းတွင်ပါဝင်ပါကြောင်း၊ အဆိုပါ ထုတ်ကုန်များသည် အကောက်ခွန်နှင့် တန်ဖိုးမြှင့်ခွန်သက်သာသည့် အကျိုးကျေးဇူးများရရှိပါကြောင်း၊ CBEC လမ်းကြောင်းမှ တရုတ်ဈေး ကွက်သို့ ဝင်ရောက်ခြင်းသည် သမာရိုးကျ ကုန်သွယ်မှုနှင့်နှိုင်းယှဉ်ပါက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် အကျိုးကျေးဇူးရရှိပါကြောင်း၊ အလားအလာကောင်းသော ကုန်စည်များ မှာ လတ်ဆတ်သစ်သီးများ၊ ပြုပြင်ပြီးစိုက်ပျိုးရေးထုတ်ကုန်များ၊ ပြုပြင်ပြီးအစားအစာ၊ ကျန်းမာရေး နှင့်သက်ဆိုင်သည့် အစားအစာ၊ လက်ဝတ်ရတနာနှင့် အလှဆင်ပစ္စည်းများ၊ ယဉ်ကျေးမှု ထုတ်ကုန်များ နှင့် Soft power နှင့်ဆက်စပ်သည့် ထုတ်ကုန်များဖြစ်ကြောင်း Mr. Wimon က ဖြည့်စွက် ပြောကြားခဲ့ပါ သည်။

CBEC အတွက် လမ်းနှင့် မီးရထားလမ်းများကို မြှင့်တင်ပါက တရုတ်-အာဆီယံ ကုန်သွယ်မှု အတွက် CBEC အချက်အချာအဖြစ် ထိုင်းနိုင်ငံ၏ တည်နေရာကို အထောက်အကူပြုမည် ဖြစ်ကြောင်း၊ မြောက်ပိုင်းစီးပွားရေးစင်္ကြံနှင့် အရှေ့မြောက်စီးပွားရေးစင်္ကြံများရှိ ပြည်နယ်များတွင် CBEC အထောက် အကူပြု စင်တာများ တည်ထောင်စေလိုကြောင်း၊ အလားအလာရှိသော ဒေသများမှာ ချင်းခုန်၊ နောင် ခိုင်၊ ဥဒုန်ဌာနီ၊ နခွန်ဖနွမ်နှင့် မုဒဟန်တို့ဖြစ်ကြောင်း၊ CBEC ဇုန်တွင် တရုတ်ပုံစံကို အသုံးပြုစေလိုပြီး ပြခန်းများနှင့် သိုလှောင်ရုံများရှိသော ချင်းခုန်သည် အလားအလာအကောင်းဆုံးဖြစ်ကြောင်း၊ အရေး ပါသော ထုတ်ကုန်များအတွက် ငွေပေးချေမှုများတွင် ဘတ်-ယွမ် အသုံးပြုနိုင်ရေး ထိုင်းဗဟိုဘဏ်နှင့် တရုတ်အစိုးရတို့ ဆွေးနွေးရန်လိုအပ်မည်ဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ် အာဆီယံနှင့် ထောက်ပံ့ပို့ဆောင်ရေး ဌာနခွဲက အကြံပြုသုံးသပ်ထားပါသည်။

 

Source: www.bangkokpost.com  

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News