ဈေးကွက်ဈေးနှုန်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့ရှိ Heho Potato Co.,ltd ၏ အာလူးမျိုးအအေးခန်းသိုလှောင်ရုံအားလေ့လာကြည့်ရှုခြင်း

Last Updated:

       ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့၊ ဥဿကံကျေးရွာရှိ Heho Potato Co.,ltd ၏ အာလူးမျိုး အအေးခန်းသိုလှောင်ရုံသို့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့၊ နေ့လည် (၂) နာရီခန့် အချိန်တွင် သွားရောက် ကြည့်ရှုလေ့လာခဲ့သည်။

     ပြည်ထောင်စုဝန်ကြီးအား Heho Potato Co.,ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်သန်းကျော်မှ ကြိုဆို၍ အအေးခန်းသိုလှောင်ရုံနှင့်ပတ်သတ်သည်များကို ရှင်းလင်းပြောကြားခဲ့ရာတွင် စက်ရုံကို ၂၀၁၉ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သိုလှောင်နိုင်မှု ပမာဏ အနေဖြင့် မျိုးအာလူး (၈၀၀)တန် သိုလှောင်ထားရှိနိုင်ပါကြောင်း နယ်သာလန်နိုင်ငံမှ နည်းစနစ်၊ စက်များဖြင့် တည်ဆောက်ထားပြီး၊ အအေးခန်းသိုလှောင်ရုံထိန်းချုပ်မှုကို Online စနစ်ဖြင့် နယ်သာလန်နိုင်ငံမှ တိုက်ရိုက်စောင့်ကြည့်လျက်ရှိပြီး စက်ရုံတွင်း Control ရုံးခန်းတွင် အင်ဂျင်နီယာ နှစ်ဦးဖြင့် အမြဲတမ်းစောင့်ကြည့်လျက်ရှိကြောင်း အအေးဒီဂရီအနေဖြင့် ၃ ဒီဂရီဖြင့် အမြဲတမ်းထားရသည်။ 

       စက်ရုံတည်ဆောက်မှု ကုန်ကျငွေအနေဖြင့် သိုလှောင်ရုံအပါအဝင် အအေးခန်းစနစ်များအတွက်ပါ ကျပ်သိန်းပေါင်း ၉၅၀၀ ကုန်ကျခဲ့ပါကြောင်း၊ ယခုစက်ရုံအနေဖြင့် ဟဲဟိုးဒေသမှတောင်သူများကို မျိုးအတွက် အထောက်အပံ့ဖြစ်စေပြီး အားလူးမျိုးတွေလည်း ပိုမိုသန့်စင်ကောင်းမွန်၍ အထွက်တိုးလာမည် ဖြစ်ပါကြောင်းနှင့် အအေးခန်းသိုလှောင်ရုံသို့ အာလူးမျိုးထားရှိခမှာ တစ်တန်အတွက် တစ်လလျှင် ၃၅၀၀၀ကျပ်ခန့် ကျသင့်မည်ဖြစ်ပါကြောင်း၊ ဟဲဟိုးဒေသတွင် အာလူးစိုက်ဧက ၅၀၀၀ကျော်အနက် ဆည်ရေသောက်အာလူးဧကမှာ ၂၀၀၀မှ ၃၀၀၀ ကြားရှိပြီး နိုင်ငံခြားမျိုးများဖြစ်သည့် အမေရိကန်မှ ဂရန်နိုလာ၊ ဒီဖန်တာ၊ ဟိုဒေါ့၊ ဂျက်ကွီလိုင်း၊ ဗလိုဘာ စသည့်မျိုးများနှင့် မီဂါချစ်၊ တရုတ်မျိုး အာလူးများကို စိုက်ပျိုးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

       ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်မှ အာလူးသီးနှံအပြင် အခြားသီးနှံများကိုပါ သိုလှောင်နိုင်ရန် ကြိုးစားဆောင်ရွက်သင့်ကြောင်းနှင့် ယခုအအေးခန်းသိုလှောင်ရုံရှိခြင်းကြောင့် ဟဲဟိုးဒေသရှိတောင်သူများနှင့် အခြားပြည်နယ်တိုင်းများမှ အာလူးစိုက်ပျိုးသည့်တောင်သူများ မျိုးအခက်အခဲမရှိ စိုက်ပျိုးနိုင်မည်ဖြစ်သည့်အတွက် ဝမ်းသာကြောင်းနှင့် ဆက်လက်၍အောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့သည်။