Local News

ဧည့်မထဆန်(မနောသုခ)(ဟောင်း)နှင့် ဖွဲနုဈေးများကျ၍ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ၊ဆန်ကွဲ B(1,2)နှင့် ဆန်ကွဲ B (2,3,4) ဈေးများမြင့်တက်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃-၂၀၂၄ခုနှစ် စပါးစိုက်ပျိုးချိန်တွင် မိုးစပါးစိုက်ဧက ၂၆၉၀၈၅၈၊ နွေစပါးစိုက်ဧက ၃၃၆၀၈၉၊ စုစုပေါင်းစိုက်ဧက ၃၀၂၆၉၄၇ စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်တင်း(၈၈.၃၅)တင်းထွက်ရှိပါသည်။  စပါးစေျးကောင်း၍တောင်သူများအကျိုး အမြတ်ရှိပြီး ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းတွင် ကုန်ကြမ်း အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုစေျးများအတက် အကျ ဖြစ်ပေါ်လျက်ရှိပါသည်။ 

ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၅.၉.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ် အိတ် ၇၂၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၇၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၂၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၈၉၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၁၂.၉.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၈၈၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ် အိတ် ၇၃၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၆၃၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၆၀၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၈၀၀ဝကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ပေါ်ဆန်းမွှေးဆန်ဈေးမှာအတက်အကျမရှိဘဲ ဈေးတည်ငြိမ်လျက်ရှိကာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၂၀၀၀ ကျပ်၊ ဖွဲနုတစ်အိတ် ၉၀၀ကျပ်ဈေးကျဆင်းခဲ့ပြီး ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၁၀၀၀ကျပ်၊ ဆန်ကွဲ B (1,2)တစ်အိတ် ၆၀၀၀ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၈၀၀၀ကျပ် ဈေးမြင့်တက်ခဲ့ပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)နှင့် ဖွဲနုစေျးကျဆင်း သွားခြင်းမှာ ကုန်ကြမ်းများပြား လျက်ရှိနေပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားပြီး ဧည့်မထဆန် (မနောသုခ)(သစ်)၊ဆန်ကွဲ B(1,2)နှင့် ဆန်ကွဲ B (2,3,4) စေျးမြင့်တက်လာခြင်းမှာ အဝယ်လိုက်လာ ၍ဖြစ်ပါကြောင်း ပဲခူးကုန်စည် ဒိုင်ဥက္ကဋ္ဌ ထံမှ သိရှိရပါသည်။

 

 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News