International News

အပူလွန်ကဲမှုကြောင့် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအပေါ် သက်ရောက်မှုဖြစ်ပေါ်လျက်ရှိ

Last Updated:

ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အပူချိန်လွန်ကဲမှုကြောင့် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် လူသေဆုံးမှုများ၊ ပညာရေးဆိုင်ရာ နှောင့်နှေးမှုများနှင့် စိုက်ပျိုးရေးဆိုင်ရာပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြီးခဲ့သည့်လအတွင်း ဖိလစ်ပိုင်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် အပူချိန်မြင့်တက်မှုကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး ထိုင်းနိုင်ငံတွင်လည်း အပူလှိုင်းဖြတ်သဖြင့် ၂၀၂၄ ခုနှစ်ဆန်းပိုင်းမှစတင်၍ လက်ရှိအချိန်ထိ အနည်းဆုံး လူ ၃၀ ခန့် အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ထိုင်းနိုင်ငံတွင် အပူချိန်ကြောင့် ပုံမှန်မဟုတ်သောဖြစ်စဉ်များ ဖြစ်ပေါ်စေခဲ့ပြီး ဒူးရင်းသီးကဲ့သို့သော သစ်သီးဝလံများ အက်ကွဲထွက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများတွင် စံချိန်တင် အပူချိန်မြင့်တက်မှုများ ကြုံတွေ့ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပျမ်းမျှအပူချိန်ထက် ၈ ဒီဂရီ ပိုမိုမြင့်တက်သဖြင့် အပူပြင်းဆုံး ဧပြီလဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ချောက်မြို့၌ အမြင့်ဆုံးအပူချိန်အဖြစ် ၄၈.၂ ဒီဂရီအထိ ရောက်ရှိခဲ့ပြီး အပူချိန်အမြင့်မားဆုံး ဧပြီလအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံရှိ အချို့ဒေသများတွင် ပြီးခဲ့သည့်နှစ်ကထက် အပူချိန် ၄ ဒီဂရီ  ပိုမိုမြင့်တက် ခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့တွင် အပူချိန် ၄၃ ဒီဂရီ ဖြင့် ၁၉၅၄ ခုနှစ်ကတည်းက လက်ရှိအချိန်ထိ အပူပြင်းဆုံး ဧပြီလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.freshplaza.com/latin-america/article/9623609/extreme-heat-impacts-south-and-south-east-asia/

Category: International News