International News

ဖိလစ်ပိုင်နိုင်ငံရှိ ပြည်နယ်များ၏ ထက်ဝက်ကျော်တွင် မိုးခေါင်မှုဖြစ်ပေါ်လျှက်ရှိ

Last Updated:

ဖိလစ်ပိုင်နိုင်ငံတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပိုမိုပူပြင်းခြောက်သွေ့သည့် အခြေအနေနှင့် အပူချိန်မြင့်တက်မှု၏ သက်ရောက်မှုများကို ကြုံတွေ့နေရပြီး ဖိလစ်ပိုင်နိုင်ငံရှိ ပြည်နယ်များ၏ ထက်ဝက်ကျော်တွင် မိုးခေါင်မှုဖြစ်ပေါ်စေလျက်ရှိကြောင်း သိရှိရပါ သည်။

ဖိလစ်ပိုင်နိုင်ငံသည် အပူချိန် ၄၀ ဒီဂရီ ဝန်းကျင်သို့ မြင့်တက်လာသည့် အခြေအနေနှင့် အချို့ဒေသများတွင် အပူချိန်ညွှန်းကိန်းမှာ ၅၃ ဒီဂရီအထိ ရောက်ရှိလာသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ကြုံတွေ့နေရသည်။ ထိုသို့ အပူချိန်မြင့်တက်မှု အခြေအနေများကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ လာမည့်စိုက်ပျိုးရာသီတွင် သီးနှံရိတ်သိမ်းမှုသည် ပုံမှန်အခြေအနေအောက်တွင် ရှိနေမည်ဟု ခန့်မှန်းထားပါသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကောက်ပဲသီးနှံဆုံးရှုံးမှုသည် တန်ဖိုးအားဖြင့် ဖိလစ်ပိုင် ပီဆို ၄ ဘီလျံကျော် ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ ရာသီဥတုပြောင်းလဲမှုနှင့် မိုးခေါင်မှုအခြေအနေများကြောင့် မိုးရေချိန် လုံလောက်စွာ ရွာသွန်းမှုမရှိပါက ဖိလစ်ပိုင်နိုင်ငံရှိ လယ်သမားများအတွက် ပိုမိုဆိုးရွားသည့် အခြေအနေကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၌ မေလလယ်ခန့်တွင် မိုးစတင်ရွာသွန်းရန် မျှော်မှန်းထားသော်လည်း ပုံမှန်ထက်ပိုမိုပူပြင်းခြောက်သွေ့သည့် အခြေအနေမှာ ဩဂုတ်လအထိ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၄ ခုနှစ်ကာလအတွင်း အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် အပူချိန်လွန်ကဲမှုဖြစ်စဉ်များကြောင့် စိုက်ပျိုးရေးထွက်ကုန်များနှင့် စားသောက်ကုန်များအပေါ် သက်ရောက်မှုရှိလာနိုင်သဖြင့် ကြိုတင်စဉ်းစားပြင်ဆင်မှုများ ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရှိရပါသည်။

Source: https://www.hortidaily.com/article/9623841/more-than-half-of-the-philippines-provinces-are-in-drought/

Category: International News