မန္တလေးတိုင်းဒေသကြီးတွင် ပဲတီစိမ်းကို အများအားဖြင့် မိုးသီးနှံ နှင့် ဆောင်းသီးနှံဟု နှစ်မျိုးစိုက်ပျိုးကြသည်။ မိုးသီးနှံကို ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလနှင့်များတွင် ထွက်ပေါ်လေ့ရှိသည်။ ဆောင်းသီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင်စိုက်ပျိုး၍ မတ်လ နှင့် ဧပြီလ များ တွင် လှိုင်လှိုင်ထွက်ပေါ်သည်။
ပဲတီစိမ်းသည် ပြည်ပဝယ်အားရှိသည့် ပဲတစ်မျိုးဖြစ်ခြင်း၊ တစ်သီးတွင် ၃ကြိမ်ခန့်ထိ ခူးဆွတ်နိုင်ခြင်းစသည်တို့ကြောင့် တောင်သူတွက်ချေကိုက် သီးနှံဖြစ်လာပြီး နောက်ပိုင်းကာလ များတွင် ရေ၊သွင်းအားစု ထည့်သွင်းနိုင်မှုအပေါ်မူတည်၍ ၃ လ တစ်သီး စိုက်ပျိုးလာကြသည်။
ပဲတီစိမ်းကို မန္တလေးတိုင်းဒေကြီးအတွင်း ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင်အများဆုံးစိုက်ပျိုးသည်။ ပဲတီစိမ်းသည် ၃ လ ၁ကြိမ် ထွက်ပေါ်နေ၍ မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် သီးနှံ အဟောင်း၊ အသစ် နှင့် အရည် အသွေးပေါ်မူတည်ပြီး တစ်နှစ်ပတ်လုံး ဝင်ရောက်ရောင်းဝယ်လျက်ရှိနေသည်။
မတ်လ ပထမပတ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သည့် ပဲတီစိမ်း တစ်အိတ် ဈေးနှုန်းများမှာ-
ပဲတီစိမ်းအညာစ ၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်၊ ယခင်တစ်ပတ် တွင်၂၅၀၀၀၀ ကျပ်မှ ၂၆၀၀၀၀ ကျပ်၊ ယခင်လတွင် ၂၇၀၀၀၀ ကျပ် မှ ၂၈၀၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၂၀၀၀၀ ကျပ်ဈေးနိမ့်လာသည်။
ပဲတီစိမ်း(ခွဲပဲ) ၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်၊ ယခင်တစ်ပတ် ၂၀၀၀၀၀ ကျပ် မှ ၂၆၀၀၀၀ ကျပ် ၊ ယခင်တစ်ပတ် ၂၁၀၀၀၀ ကျပ်၊ ၂၈၀၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ၁၀၀၀၀ ကျပ် မှ ၂၀၀၀၀ကျပ် ဈေးနိမ့်လာ သည်။
ပဲတီစိမ်းသေး(စိမ်းနောက်) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်၊ ယခင်တစ်ပတ်၊ ယခင်လ ၂၇၅၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်၊ ယခင်လအတို်ငးဈေးငြိမ်နေ သည်။