Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇွန်လ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ ဈေးနှုန်းများ နှမ်းနက် ဈေးငြိမ်၍ နှမ်းညို ဈေးနှုန်းများ ကျဆင်းနေပြီး နှမ်းဖြူ၊ မြေပဲလုံးဆံဖြူ ၊ မြေပဲလုံးဆံနီ ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ဇွန်လ တတိယပတ်တွင် နှမ်းညို တစ်တင်းလျှင် ၁၀၀၀၀၀- ၁၀၅၀၀၀ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၁၄၂၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် ၁၂၅၀၀၀-၁၃၉၀၀၀ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ  နှမ်းညို တစ်တင်းလျှင် ၁၀၈၀၀၀-၁၁၄၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် ၁၁၈၀၀၀ -၁၃၀၀၀၀ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၁၂၅၀၀၀-၁၄၂၀၀၀ ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ် ကာလတူ နှိုင်းယှဉ်ပါက နှမ်းနက် ဈေးငြိမ်၍ နှမ်းညို တစ်တင်းလျှင် ၉၀၀၀ ကျပ်ကျဆင်းနေပြီး နှမ်းဖြူ တစ်တင်းလျှင် ၉၀၀၀ ကျပ်မြင့်တက်နေကြောင်းသိရသည်။

ဇွန်လ တတိယပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၇၃၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၆၀၀-၇၉၀၀ကျပ်ရှိပြီး  ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၆၉၀၀-၇၀၀၀ ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၂၀၀-၇၃၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၅၀၀-၆၆၀၀ကျပ်၊ ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက  မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၆၀၀ကျပ်နှင့် မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ၃၀၀ကျပ်ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီတစ်ပိဿာ ၁၄၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၅၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၃၈၀၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၇၅၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၈၇၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News