နိုဝင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို၊ မြေပဲလုံးဆန်ဖြူ၊ မြေပဲလုံးဆန်နီ ဈေးငြိမ်၍ နှမ်းနက်၊ နှမ်းဖြူ ဈေးနှုန်းကျဆင်းနေပြီး မြေပဲဆီဆန်ဖြူ ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်းသိရသည်။ နိုဝင်ဘာလ တတိယပတ်အတွင်း နှမ်းညို တစ်တင်း ၉၉၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၇၅၀၀၀-၁၉၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၀၀၀၀၀-၁၁၇၀၀၀ ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၉၉၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၀၀၀၀၀- ၁၂၅၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၉၀၀၀၀- ၂၀၀၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၁၀၀၀၀ကျပ်ခန့်၊ နှမ်းဖြူ တစ်တင်းလျှင် ၈၀၀၀ကျပ်ခန့်ကျဆင်းနေကြောင်းသိရသည်။
နိုဝင်ဘာလ တတိယပတ်အတွင်း မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၀၀၀-၈၃၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၂၀၀-၈၃၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၇၉၀၀ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာမြေပဲလုံးဆန်နီ တစ်ပိဿာ ၈၀၀၀-၈၃၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၈၃၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၇၈၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲဆီဆန်ဖြူ တစ်ပိဿာလျှင် ၁၀၀ကျပ်ခန့်နှုန်း အနည်းငယ်မြင့်တက်နေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၄၀၀၀-၁၄၅၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၅၀၀-၁၄၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၅၈၂၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၉၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၀၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး