International News

ထိုင်းနိုင်ငံ၌ မော်တော်ကားလမ်းပိတ်ခြင်းအခကြေးငွေ (Traffic Congestion Fees) ကောက်ခံနိုင်ရေး အတွက် “လန်ဒန်ပုံစံ (London Model)” အသုံးပြုသွားရန်ရှိခြင်း

Last Updated:

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင်း၌ မော်တော်ကားလမ်းပိတ်ခြင်းဆိုင်ရာ အခကြေးငွေကောက်ခံ နိုင်ရေးအတွက် “လန်ဒန်ပုံစံ” ကိုအသုံးပြုရန် ပို့ဆောင်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

မော်တော်ကားအလွန်အမင်းပိတ်နေသောနေရာ၊ ကောက်ခံမည့်နှုန်းထား၊ ပေးချေမှုနည်းလမ်းများနှင့် အင်္ဂလန်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ စတော့ခ်ဟုမ်းနိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် အီတလီနိုင်ငံတို့အပါအဝင် နိုင်ငံအများစု၏ အောင်မြင်သောလုပ်ငန်းဆောင်ရွက်မှုရလဒ်များနှင့် ကောက်ခံသည့်အစီအမံများကို အရေးတကြီးလေ့လာတင်ပြရန် ပို့ဆောင်ရေးနှင့် လမ်းပိတ်ခြင်းမူဝါဒစီမံကိန်းရုံးကို တာဝန်ပေးအပ်ထားကြောင်း၊ လေ့လာသုံးသပ်မှုသည် ၆ လအတွင်း သို့မဟုတ် ၂၀၂၅ ခုနှစ်အတွင်းပြီးမြောက်နိုင်ကြောင်း၊ လက်ရှိဥပဒေတွင် လမ်းပိတ်ခြင်းအခကြေးငွေကို အစိုးရအနေဖြင့်ကောက်ခံရန် အခွင့်အာဏာမရှိသောကြောင့် ဥပဒေအသစ်ရေးဆွဲပြဌာန်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ အခကြေးငွေကောက်ခံခြင်းနှင့်စပ်လျဉ်း၍ ဦးစီးဌာန၏ လူမှုကွန်ယက်တွင် ဖော်ပြထားချက်အပေါ် ၆၀ ရာခိုင်နှုန်းက သဘောတူညီခဲ့သော်လည်း နောက်ပိုင်းတွင် သဘောမတူညီသူက များပြားလာပါကြောင်း၊ မည်သည့်နေရာရှိ မည်သူ့ကို ကောက်ခံမည်ဆိုသည်ကို ပြည်သူကို လျင်လျင်မြန်မြန် ရှင်းလင်းတင်ပြရန်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ် ပို့ဆောင်ရေးဝန်ကြီး H.E Mr. Suriya Jungrungreangkit က ပြောကြားခဲ့ပါသည်။

အခကြေးငွေကောက်ခံရန် သတ်မှတ်ထားသည့်နေရာများတွင် နေထိုင်သူများသည် ယင်းအခကြေးငွေကို ကင်းလွတ်ခွင့်ရနိုင်ကြောင်း၊ ကောက်ခံရရှိသည့်ငွေများကို ဘဏ္ဍာရေးဝန်ကြီးဌာနကကိုင်တွယ်ထားသော အခြေခံအဆောက်အဦးရန်ပုံငွေသို့ ထည့်ဝင်သွားမည် ဖြစ်ကြောင်း၊ အချို့သောငွေများကို လျှပ်စစ်ရထားလိုင်းများ ဝယ်ယူရာတွင် အသုံးပြုသွားမည်ဖြစ်ပြီး လျှပ်စစ်ရထားလမ်းကြောင်းအားလုံးအတွက် ဘတ် ၂၀ နှုန်းထား သတ်မှတ်မည့် အစိုးရ၏မူဝါဒကိုလည်း အထောက်အကူ ပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အင်္ဂလန်၌ လန်ဒန်ရှိ အချင်း ၂၁ စတုရန်းကီလိုမီတာကာမိသောမြို့တွင်းများတွင် လမ်းကြေးငွေကောက်ခံရန် Automatic Number Plate Recognition (ANPR) ကင်မရာစနစ်ကို အသုံးပြုပါကြောင်း၊ အခကြေးငွေကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိကောက်ခံပြီး စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် နေ့လည် ၁၂ နာရီမှ ညနေ ၆ နာရီအထိကောက်ခံပါကြောင်း၊ အစိုးရရုံးပိတ်ရက်များတွင် ကင်းလွတ်ခွင့်ရရှိပါကြောင်း၊ ကောက်ခံကြေးသည် ၁ ရက်လျှင် ၁၅ ပေါင် (၆၅၈ ဘတ်ခန့်) ဖြစ်ပြီး လမ်းပိတ်မှုသည် ၁၆ ရာခိုင်နှုန်းကျဆင်းသွားပါကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Mr. Kritchanon Aiyapanya က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News