Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဩဂုတ်လ နောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက်၊ နှမ်းညို၊ နှမ်းဖြူ၊ မြေပဲလုံးဆံဖြူ၊ မြေပဲလုံးဆံနီ၊ မြေပဲဆီဆံဖြူ ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ဩဂုတ်လ နောက်ဆုံးပတ်အတွင်း နှမ်းညို တစ်တင်း ၁၁၀၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၅၀၀၀၀- ၁၉၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၃၀၀၀၀-၁၄၀၀၀၀ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၂၀၀၀၀-၁၂၅၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၅၀၀၀-၁၄၅၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၆၀၀၀၀- ၂၀၀၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၁၅၀၀၀ကျပ်ခန့်၊ နှမ်းနက် တစ်တင်း ၁၀၀၀၀ကျပ်ခန့်နှင့် နှမ်းဖြူ တစ်တင်း ၅၀၀၀ ကျပ်ခန့်နှုန်း ကျဆင်းနေကြောင်းသိရသည်။

ဩဂုတ်လ နောက်ဆုံးပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၉၀၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၉၀၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၈၀၀၀ကျပ် ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၁၀၇၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၁၃၀၀-၁၁၅၀၀ကျပ်၊မြေပဲဆီဆံဖြူ တစ်ပိဿာ ၁၀၅၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ၁၇၀၀ကျပ်ခန့်နှင့် မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၂၅၀၀ကျပ်ခန့်၊မြေပဲဆီဆံဖြူတစ်ပိဿာလျှင် ၂၅၀၀ကျပ်ခန့် ကျဆင်းနေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၈၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၆၅၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၅၆၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၇၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၉၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News