Local News

ဟင်္သာတမြို့နယ်တွင် ထောပတ်ပဲနီ(အပြားကြီး)များ အရောင်းအဝယ်ကောင်းနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ထောပတ်ပဲနီ(အပြားကြီး)များ အရောင်းအဝယ်ကောင်းနေကြောင်း ဟင်္သာတမြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီဝင်းက ပြောပြ၍ သိရသည်။ ဟင်္သာတမြို့ ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် ဩဂုတ်လဒုတိယပတ်မှစ၍ ဩဂုတ်လ ၂၈ ရက်နေ့ထိ ထောပတ်ပဲနီ(အပြားကြီး)များ ဝယ်ယူမှုအားကောင်းနေပြီး အရောင်းအဝယ်ကောင်းနေကြောင်း၊ အဆိုပါ ထောပတ်ပဲနီ(အပြားကြီး)များ ခုနှစ်ရက်လျှင် ၂၄ ပြည်ဝင်အိတ်ရေ ၂၀ ထိ အရောင်းအဝယ်ကောင်းနေကြောင်း၊ ထိုသို့ ထောပတ်ပဲနီ(အပြာကြီး)များ အရောင်းအဝယ်ကောင်းလာခြင်းသည် ပြည်တွင်းဈေးကွက်တွင် အဝယ်လိုက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“လက်ရှိ ဒေသဈေးကွက်မှာ အခြားပဲတွေထက် ထောပတ်ပဲနီ(အပြားကြီး)များ ဝယ်ယူမှုအားကောင်းလာပါတယ်။ ပြည်ပပဲဈေးကွက်ကို ပြန်တင်ပို့နေလို့ အခုလို ဝယ်ယူမှုအားကောင်းလာတာလို့ သိရတယ်။ ထောပတ်ပဲနီ(အပြားကြီး)တွေ အရောင်းအဝယ်ကောင်းတာကြောင့် စိုက်ပျိုးတဲ့သူတွေ အဆင်ပြေလျက်ရှိပါတယ်” ဟု ဟင်္သာတမြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီဝင်းက ပြောပြသည်။ ဟင်္သာတမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် ထောပတ်ပဲနီ(အပြားကြီး) ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၇၈၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News