International News

ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ၂.၄ ရာခိုင်နှုန်းရှိခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၃၀-၈-၂၀၂၄ ရက်နေ့တွင် ဂျပန် အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဆိုပါ သတင်းတွင် ထိုသို့ငွေကြေးဖောင်းပွမှုမြင့်တက်လျက် ရှိခြင်းကြောင့် ဂျပန်ဗဟိုဘဏ်အနေဖြင့်တင်းကြပ်သည့် ငွေကြေးမူဝါဒကို ဆက် လက်ကျင့်သုံးနိုင်ကြောင်း၊ လာမည့် လများအတွင်း အတိုးနှုန်းများလည်း ဆက်လက်တိုးမြှင့်လာနိုင်ကြောင်း၊ လတ်ဆတ်သည့် အစား အစာများ၏ ဈေးနှုန်းများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ဂျပန်နိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ၂.၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ လတ်ဆတ်သည့် စားသောက်ကုန်များနှင့် လောင်စာဆီဈေးနှုန်းများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသည့် ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ၁.၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း နှင့် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ၁.၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

ဂျပန်ဗဟိုဘဏ်အနေဖြင့် Negative Interest Rate ကို ၂၀၂၄ ခုနှစ်၊ မတ်လတွင် အဆုံးသတ်ခဲ့ပြီး၊ ကာလတို အတိုးနှုန်းကို ၀.၂၅ ရာခိုင်နှုန်း သတ်မှတ်ခဲ့ကြောင်း၊ ဗဟိုဘဏ်၏ ရည်မှန်း ငွေကြေးဖောင်းပွမှုနှုန်းဖြစ်သည့် ၂ ရာခိုင်နှုန်းသို့ ရောက်ရှိစေရေးအတွက် ဂျပန်ဗဟိုဘဏ် အနေဖြင့် အတိုးနှုန်းကို ထပ်မံတိုးမြှင့်သတ်မှတ်သွားမည် ဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားထားကြောင်း၊ ဂျပန်ဗဟိုဘဏ်အနေဖြင့် လစာနှုန်းထားများ တိုးမြှင့်ခြင်းဖြင့် ပြည်သူ များ၏ သုံးစွဲနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန် ရည်မှန်းဆောင်ရွက်လျက် ရှိကြောင်းနှင့် ငွေကြေး ဖောင်းပွမှုနှုန်းကို ၂ ရာခိုင်နှုန်းဝန်းကျင်တွင် ထိန်းထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြ ထားပါသည်။

 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Nikkei Asia (၃၀-၈-၂၀၂၄)

Category: International News