International News

မိုးခေါင်ရေရှားမှုဒဏ်ခံနေရသော မာလာဝီနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ အဖြစ် ဆန်တန်ချိန် ၁၀၀၀ အိန္ဒိယနိုင်ငံပေးပို့

Last Updated:

အိန္ဒိယနိုင်ငံသည် မိုးခေါင်ရေရှားမှုဒဏ်ခံနေရသော မာလာဝီနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆန်မက်ထရစ်တန် ၁၀၀၀ ပေးပို့ခဲ့ကြောင်း သိရသည်။

အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော မာလာဝီနိုင်ငံသည် ကောက်ပဲသီးနှံများ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေကာ အစားအစာထုတ်လုပ်မှုကို ထိခိုက်စေသည့် ပူပြင်းခြောက်သွေ့သော အရိပ်လက္ခဏာများအောက်တွင် ရုန်းကန်လှုပ်ရှားနေရကြောင်း သိရသည်။

"မာလာဝီပြည်သူတွေနှင့် စည်းလုံးညီညွတ်စွာရှိရေး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီဖြစ်ပါတယ်။ အယ်နီညိုဖြစ်စဉ်ကြောင့် ပြင်းထန်သော မိုးခေါင်ရေရှားမှုဒဏ်၏ အကျိုးဆက်တွေကို ဖြေရှင်းဖို့အတွက် ယနေ့ ဆန် မက်ထရစ်တန် ၁၀၀၀ ကို မာလာဝီနိုင်ငံသို့ ပို့ဆောင်ခဲ့ပါတယ်။" ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ယခုလ ၇ ရက်နေ့တွင် 'X' လူမှုကွန်ယက်၌ ဖော်ပြပြောကြားခဲ့သည်။

ယခုနှစ် မတ်လတွင် မာလာဝီအစိုးရသည် နိုင်ငံ၏ ခရိုင် ၂၈ ခုအနက် ၂၃ ခုတွင် မိုးခေါင် ရေရှားမှုများ ဖြစ်ပွားခဲ့ပြီးနောက် သဘာဝဘေးအန္တရာယ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သည်။ ပူးပြင်းခြောက်သွေ့သော ရာသီဥတုအခြေအနေကြောင့် နိုင်ငံ၏ စားနပ်ရိက္ခာထောက်ပံ့မှုကို ဆိုးရွား စွာ ထိခိုက်စေခဲ့ကြောင်း သိရသည်။

သို့ပါ၍ ပြည်တွင်း၌ ဆန်လုံလောက်မှုရှိရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ပြည်ပသို့ ဆန်ဖြူတင်ပို့မှု ပိတ်ပင်ကန့်သတ်ထားသော အိန္ဒိယနိုင်ငံအနေဖြင့် ယခုကဲ့သို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအား မကြာခဏဆိုသလို ဆောင်ရွက်လေ့ရှိပါသည်။ ဆန်ကို အိမ်နီးချင်းနှင့် မိတ်ဆွေနိုင်ငံများသို့ အစိုးရအချင်းချင်းအစီအစဉ်ဖြင့် ရောင်းချပေးခြင်း၊ ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်လေ့ရှိကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

ရည်ညွှန်း။          The Hindu Businessline: India sends 1,000 MT rice to drought-hit Malawi, September 8, 2024

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့)

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

Category: International News