International News

နိုင်ငံခြားe-commerce ပလက်ဖောင်းလုပ်ငန်းရှင်များအနေဖြင့် ထိုင်းနိုင်ငံတွင် ရုံးခန်းများ ဖွင့်လှစ်ရန် လိုအပ်သည့် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ၏ ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုဥပဒေအောက်မှ နိုင်ငံခြား e-commerce လုပ်ငန်းရှင်များအနေဖြင့် ထိုင်းနိုင်ငံအတွင်း မှတ်ပုံတင်ထားသော ရုံးများတည်ထောင်ရန်လိုအပ်သည့် ညွှန်ကြားချက်တစ်စောင်ကို Electronics Transaction Development Agency (ETDA) က ထုတ် ပြန်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

ညွှန်ကြားချက်ထုတ်ပြန်မည့် အချိန်ကာလနှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးစာချုပ်များကို ချိုး ဖောက်မှုမရှိစေရေး ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာနနှင့် ဆွေးနွေးအကြံဉာဏ်ရယူသွားမည်ဖြစ် ကြောင်း၊ ETDA သည် တရုတ်မှ တန်ဖိုးနည်းပစ္စည်းများ နိုင်ငံအတွင်းသို့ စီးဝင်လာခြင်းကို ကာကွယ် မည့် လုပ်ငန်းစဉ်များဆောင်ရွက်သည့် အစိုးရအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ကြောင်း၊ ဒီဂျစ်တယ် ပလက်ဖောင်းဝန်ဆောင်မှုဥပဒေအရ ထိုင်းနိုင်ငံအတွင်း စီးပွားရေးဆောင်ရွက်ရန် ရှာဖွေနေသော ဒီဂျစ်တယ်ပလက်ဖောင်းလုပ်ငန်းရှင်အရွယ်အစားအချို့သည် လုပ်ငန်းမစတင်မီ အဓိက အချက်များကို ETDA သို့ ပံ့ပိုးပေးရန် လိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းများအနေဖြင့် ထိုင်းနိုင်ငံ အတွင်း မှတ်ပုံတင်ရန် လိုအပ်သည့် ဖော်ပြချက်ကို ဥပဒေတွင် ထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း၊ Temu e-commerce ပလက်ဖောင်းသည် စင်ကာပူတွင် ၎င်း၏ လုပ်ငန်းခွဲကို ဒီဂျစ်တယ် ပလက်ဖောင်းလုပ်ငန်းရှင်အဖြစ် ETDA နှင့် မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း၊ ဒီဂျစ်တယ် ပလက်ဖောင်း လုပ်ငန်း ၁,၄၀၀ ကျော်ကို ဥပဒေ နှင့် ပြုစုထားပါကြောင်း အေဂျင်စီ၏ အကြီးတန်းအရာရှိ Mr. Chaichana Mitrpant က ပြောကြားခဲ့ပါ သည်။

ကော်မရှင်အနေဖြင့် အန္တရာယ်ရှိသော လုပ်ငန်းများကို စောင့်ကြည့်လျက်ရှိကြောင်း၊ အန္တရာယ် သို့မဟုတ် ဈေးနှုန်းမြင့်မားနေခြင်း သို့မဟုတ် ကုန်ကျစရိတ်ထက်နည်းသော ဈေးနှုန်းဖြင့် ရောင်းချနေ ခြင်း စသည့် မမျှတသော ကုန်သွယ်မှုပုံစံများကို စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေကိုလည်း တင်းတင်းကျပ်ကျပ် ကျင့်သုံးလျက်ရှိပါကြောင်း၊ ဥပဒေကို သွေဖီမှုတစ်စုံတစ်ရာ တွေ့ရှိပါက ရာဇဝတ်ကြောင်းအရသော်လည်းကောင်း၊ ထောင်ဒဏ် ၂ နှစ်၊ နှစ်စဉ် ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်း ပေးဆောင်ခြင်း သို့မဟုတ် နှစ်ခုလုံးကျခံရမည့် အုပ်ချုပ်ရေးဆိုင်ရာ ပြစ်ဒဏ် များကို လည်းကောင်း ကြုံတွေ့ရနိုင်ကြောင်း Trade Competition Commission of Thailand အထွေထွေအတွင်းရေးမှူးချုပ် Mr. Visanu Vongsinsirikul က ဖြည့်စွက်ပြောကြားပါသည်။

ထိုင်းအစိုးရသည် တန်ဖိုးနည်း တင်သွင်းကုန်များ၏ သက်ရောက်မှုကို အသေးစိတ် အကဲဖြတ် ခြင်း ဆောင်ရွက်သင့်ကြောင်း၊ မူဝါဒချမှတ်သူများအနေဖြင့် ပြည်သူများက တန်ဖိုးနည်းတင်သွင်း ပစ္စည်းများနှင့် စပ်လျဉ်းသည့် ပြဿနာများကို အစီရင်ခံတင်ပြနိုင်ပြီး ပြဿနာများ ဖြေရှင်းနေမှုအခြေ အနေများကို ခြေရာခံနိုင်သည့် Traffy Fondue City Management ပလက်ဖောင်းတစ်ခုတည်ထောင် သင့်ကြောင်း၊ တန်ဖိုးနည်းပစ္စည်းများ၏ ပြင်းထန်သည့် ပြဿနာအပေါ် အစီအမံ ဆောင်ရွက်ပြီးနှင့် မဆောင်ရွက်မီ သက်ရောက်မှုအကဲဖြတ်ခြင်း ဆောင်ရွက်သင့်ကြောင်း e-commerce လုပ်ငန်းရှင် Mr. Pawoot Pongvitayapanu က အကြံပြုထားပါသည်။

မူဝါဒချမှတ်သူများအနေဖြင့် ဘတ် ၁,၅၀၀ အောက် တန်ဖိုးနည်းသော ပစ္စည်းများအပါအဝင် တင်သွင်းကုန်စည်များအားလုံးအပေါ် VAT ကောက်ခံသင့်ပါကြောင်း၊ အစိုးရအနေဖြင့် ထိုင်းကုန်ပစ္စည်း များနှင့် ပြည်တွင်းရောင်းချသူများကို ဦးစားပေးသင့်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဖွင့်ထားမည် ဆိုပါက ပြည်တွင်း/ပြည်ပတွင် ထိုင်းပစ္စည်းများအတွက် မျှတသော ယှဉ်ပြိုင်မှုနှင့် မြှင့်တင်မှုကို အားပေးထောက်ခံသင့်ကြောင်း Thai E-commerce Association တာဝန်ရှိသူများက ဖြည့်စွက်အကြံ ပြုထားပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News