International News

ထိုင်းနိုင်ငံ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက ပြည်သူများ၏ လုံခြုံစိတ်ချရမှု အတွက် တင်သွင်းလာသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များအပေါ် Hold၊ Test၊ Release (HTR) အစီအမံများကို လာမည့်နှစ်တွင် စတင်ဆောင်ရွက်သွားရန်ရှိ

Last Updated:

တရုတ်နိုင်ငံမှ ပစ္စည်းများ ထိုင်းဈေးကွက်အတွင်းသို့ စုပြုံဝင်ရောက်လာသည့် သတင်းကြောင့်တင်သွင်းလာသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ထိထိရောက်ရောက် စစ်ဆေးမှု မြှင့်တင်ရန်အတွက် လာမည့်နှစ်မှစ၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက Hold၊ Test၊ Release (HTR) အစီအမံများကို စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါသည်။

တင်သွင်းပစ္စည်းများ၏ အရည်အသွေးနှင့် စိတ်ချရမှုကို စစ်ဆေးသည့် လုပ်ငန်းစဉ်ကို အရှိန် မြှင့်တင်ရန် အစီအမံကို ဆောင်ရွက်မည်ဖြစ်ပြီး ပစ္စည်းများသည် စစ်ဆေးမှုကို မအောင်မြင်ပါက တင် သွင်းမှုကို ချက်ချင်းပိတ်ပင်သွားမည်ဖြစ်ကြောင်း၊ တင်သွင်းလာသော သစ်သီးများနှင့် ဟင်းသီးဟင်း ရွက်များကို ကျပန်းကောက်ယူပြီး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပြီးနောက် အဖြေများကို ၂၄ နာရီ အတွင်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ စစ်ဆေးမှုလုပ်ငန်းစဉ်တွင် ပစ္စည်းများ ဓာတ်ခွဲခန်းသို့ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်ရောက်ရှိရန်အတွက် လုံလောက်သော ထောက်ပံ့ပို့ဆောင်ရေးများ လိုအပ်ပါကြောင်း၊ ချောမွေ့စွာ စစ်ဆေးနိုင်ရန်နှင့် စားသုံးသူများအတွက် စားသောက်ရန်စိတ်ချရသည့် ပစ္စည်းများ အဆင် ပြေချောမွေ့စွာ လက်ခံရရှိနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှု ခိုင်မာစေရန်မှာ ကုန်သွယ်ရေး မိတ်ဖက်များနှင့် စေ့စပ်ညှိနှိုင်းမှုသည် အရေးကြီးပါကြောင်း ဦးစီးဌာန ဒုတိယအထွေထွေအတွင်းရေး မှူးချုပ် Mr. Lertchai Lertvut က ပြောကြားခဲ့ပါသည်။

စစ်ဆေးမှုရလဒ်တွင် အန္တရာယ်ဖြစ်စေသော ပစ္စည်းများ သို့မဟုတ် ပိုးသတ်ဆေးများ ပါဝင် သည်ဟုတွေ့ရှိရပါက ရောင်းချမှုပိတ်ပင်ခံရမည်ဖြစ်ပြီး တင်သွင်းပစ္စည်းအတွက် မေးမြန်းမှုဆောင် ရွက်မည်ဖြစ်ကြောင်း၊ HTR အစီအမံ စတင်သည့် အချိန်မှစ၍ ညစ်ညမ်းပစ္စည်းများ သို့မဟုတ် အရည် အသွေးမမီသော သံသယရှိသည့် မည်သည့်ပစ္စည်းကိုမဆို စစ်ဆေးသွားမည် ဖြစ်ပြီး စစ်ဆေးမှု မအောင် မြင်ပါက ရောင်းချမှုအတွက် လွှတ်ပေးမည်မဟုတ်ကြောင်း၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက် အများစု တွင် အန္တရာယ်ဖြစ်စေသော ပိုးသတ်ဆေးများနှင့် အခြားသော အန္တရာယ်ရှိသည့် ပစ္စည်းများ ပါဝင်ပါ ကြောင်း၊ စစ်ဆေးမှုကို စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုဆောင်ရွက်မည့် ဓာတ်ခွဲခန်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် အစားအစာနှင့် ဆေးဝါးများတွင်လည်း ယင်းအစီအမံ ကို ဆောင်ရွက်သွားရန် ရှိကြောင်း Mr. Lertchai က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News