International News

ရုရှားနိုင်ငံ၏ GDP တိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် ၃.၉ ရာခိုင်နှုန်းရှိမည်ဟု ရုရှားဘဏ္ဍာရေးဝန်ကြီး ပြောကြား

Last Updated:

ရုရှားနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)သည် ၂၀၂၄ ခုနှစ်တွင် ၃.၉ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားပြီး ၎င်းသည် စစ်ရေးကုန်ကျစရိတ်အပါအဝင် ဘဏ္ဍာရေးဆိုင်ရာတာဝန်များကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ရုရှားဘဏ္ဍာရေးဝန်ကြီး Mr. Anton Siluanov က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ယခုနှစ်အတွက် ၂.၈ ရာခိုင်နှုန်းရှိမည်ဟု ရုရှားဘဏ္ဍာရေးဝန်ကြီးဌာနမှ ယခင်က ခန့်မှန်းခဲ့ရာမှ ယခုအခါ ၃.၉ ရာခိုင်နှုန်းသို့ တိုးတက်မည်ဟု ပြင်ဆင်ခန့်မှန်းခဲ့ခြင်းဖြစ်ပါသည်။ ရုရှားဗဟိုဘဏ်မှလည်း ယင်းခန့်မှန်း ချက်ကို ၃.၅ - ၄ ရာခိုင်နှုန်းအဆင့်တွင် ရှိမည်ဟု အတည်ပြုထားပါသည်။

အစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားစီးပွားရေးသည်  ပထမ ခြောက်လအတွက် GDP ၄.၆ ရာခိုင်နှုန်း တိုးလာသဖြင့် နိုင်ငံ၏စီးပွားရေးအခြေအနေသည် ဆက်လက်ကြီးထွားလာသည်ဟု ပြောကြားခဲ့သည် ။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၃.၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း  သိရှိရပါသည်။

ထို့ကြောင့် ရုရှားအာဏာပိုင်များသည် ပျမ်းမျှအားဖြင့် ၂၀၂၄ ခုနှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်းမှာ ၃.၉ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး အဆိုပါတိုးတက်မှုနှုန်းသည် ရုရှား နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်ထားသည့် G7 နိုင်ငံများ၏ GDP ပျမ်းမျှတိုးတက်မှု နှုန်းထက် ၄ ဆနီးပါး ပိုများမည်ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

 

 

Source :       https://russian.rt.com/business/news/1361752-siluanov-prognoz-rost-vvp

(ခွန်မျိူးသူ ၊စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News