Local News

ဧရာဝတီတိုင်းဒေသကြီး အမာမြို့မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ တင်ပို့ရောင်း ချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အမာမြို့မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း အမာမြို့မှ ငါးပိ၊ ငါးခြောက်ရောင်း ဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေသီက ပြောပြ၍ သိရသည်။ အမာမြို့မှ ဒေသထွက်မျှင်ငါးပိများကို ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လအတွင်းက မျှင်ငါးပိ ပိဿာချိန် ၆၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ်လအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသထွက် မျှင်ငါးပိ တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀၀ ဈေးပေါက်နေကြောင်း သိရသည်။

“အမာဒေသထွက် မျှင်ငါးပိတွေကို ရန်ကုန်ဈေးကွက်နဲ့အခြားဒေသတွေကို တင်ပို့ရောင်းချနေပါတယ်။ ဩဂုတ်လအတွင်း မျှင်ငါးပိ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချ နိုင်ခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်ဘက်က ဩဂုတ်လအတွင်းနဲ့ အခုလထဲမှာပါဝယ်ကုန်က တအားများနေပါတယ်။ လက်ရှိမှာတော့ မျှင်ငါးပိတွေဝယ်လိုအားကောင်းလာတဲ့အပြင် ဈေးကလဲ ကောင်းလာပါတယ်။ အခုလို မျှင်ငါးပိတွေ အရောင်းအဝယ်ကောင်းလာတော့ လုပ် ငန်းရှင်တွေအပြင် လုပ်သားတွေပါ အဆင်ပြေလာတယ်” ဟု အမာမြို့မှ ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေသီက ပြောပြသည်။ အမာမြို့တွင် ရေထွက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ဒေသခံရေလုပ်သားများက ပင်လယ်ပြင်မှ ရရှိသော မျှင်ကောင်များကို ဝယ်ယူအသုံးပြုပြီး အသင့်စားသုံးနိုင်သော မျှင်ငါးပိအဖြစ် ထုတ်လုပ် ရောင်းချနေခြင်းဖြစ်ကောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News