International News

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆန်စက်များအသင်းက ဘဏ်များ၏ ချေးငွေစည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေးနိုင်ရေး အစိုးရထံ တောင်းဆိုခဲ့

Last Updated:

ထိုင်းနိုင်ငံရှိ ဆန်စက်များတွင် လာမည့် စိုက်ပျိုးရာသီ၌ ဘဏ္ဍာငွေ ဖြစ်လွယ်မှုနည်းပါးနေ သဖြင့် ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးရန် ဘဏ်များနှင့် ဆန်စက်များအသင်းတို့ ညှိနှိုင်းဆွေးနွေးရာ၌ အစိုးရအနေဖြင့် ထောက်ခံပေးစေလိုကြောင်း အရှေ့မြောက်ပိုင်း ဆန်စက်များ အသင်းက တောင်းဆိုလိုက်ကြောင်း သိရှိရပါသည်။

စီးပွားရေးဘဏ်များသည် ဆန်စက်များအတွက် ချေးငွေမူဝါဒများမှာ တင်းကျပ်လွန်းသဖြင့် နိုဝင်ဘာလတွင် စတင်မည့် ရာသီတွင် တောင်သူများထံမှ စပါးများ ဝယ်ယူနိုင်မည့် စွမ်းရည်ကို လျော့ ကျစေပါကြောင်း၊ ဆန်စက် ၁၆၀ ၏ ၄၀ ရာခိုင်နှုန်းသည် အသင်း၏ အဖွဲ့ဝင်များဖြစ်ပြီး အစိုးရမှ ဆောင် ရွက်သည့် စီးပွားရေးဘဏ်များမှ ချေးငွေရယူရန် လိုအပ်ပြီး ကျန်ရာခိုင်နှုန်းမှာ ပုဂ္ဂလိက ဘဏ်များမှ ချေးငွေရယူကြပါကြောင်း၊ အစိုးရအနေဖြင့် ဆန်စက်များသို့ ချေးမည့် ချေးငွေဆိုင်ရာ ကန့်သတ်ချက် များ ဖြေလျှော့ပေးရန် ဆောင်ရွက်နိုင်မည်ဆိုပါက တောင်သူများအနေဖြင့် အကျိုးကျေးဇူး ခံစားရမည် ဖြစ်ကြောင်း အသင်း၏ ဥက္ကဋ္ဌ Mr. Wichai Srinawakul က ပြောကြားခဲ့ပါသည်။

ဆန်စက်များက တောင်သူများသို့ ပေးနိုင်သည့် ဆန်ဈေးကို လျှော့ချခဲ့ရပါကြောင်း၊ ဈေးနှုန်းမှာ ကြိတ်ပြီး စပါး ၁ တန်လျှင် ၁၇,၈၀၀ ဘတ်မှ ၁၇,၅၀၀ ဘတ်သို့ ကျဆင်းခဲ့ပြီး မကြိတ်ခွဲရသေးသည့် စပါး ၁ တန်လျှင် ၁၂,၀၀၀ ဘတ်မှ ၁၀,၈၀၀ ဘတ်-၁၁,၀၀၀ ဘတ်ကြား ကျဆင်းခဲ့ပါကြောင်း၊ ဆန်စက် သမားများ၏ ဘဏ္ဍာရေးအခြေအနေ တိုးတက်မှုမရှိခဲ့ပါက စပါးဝယ်ယူခြင်းကို ရပ်ဆိုင်းလိုက်ရမည် ဖြစ်ကြောင်း၊ ဖက်ချာဘန်လယ်ယာအသင်းက တောင်သူများထံမှ ပြောင်းဝယ်ယူရေးနှင့် စပ်လျဉ်းသည့် အလားတူ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါကြောင်း၊ ငွေပြတ်လပ်သွားခဲ့သဖြင့် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အကြား ပြောင်းဝယ်ယူခြင်း မပြုတော့သည်ကို ထုတ်ပြန်ကြေညာခဲ့ပါ ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အသစ် H.E Mr. Pichai Naripthaphan အနေ ဖြင့် စက်ပိုင်ရှင်များကို အတိုးနှုန်းနည်းနည်းဖြင့် ချေးငွေထုတ်ချေးပေးနိုင်ရေး ဘဏ်များနှင့် ညှိနှိုင်းခြင်းဖြင့် တောင်သူများနှင့်စက်များကို ထောက်ပံ့ပေးရန်ဖြစ်ပါကြောင်း ထိုင်းဆန်စက်များအသင်းဥက္ကဋ္ဌ Mr. Rangsan Sabaimuang က ဖြည့်စွက်ပြောကြားခဲ့သည်။

ဆန်စက်များသည် တောင်သူများထံမှ စပါးများ ဝယ်ယူမှုကို ရပ်တန့်လိမ့်မည်မဟုတ်ကြောင်း ထိုင်းစိုက်ပျိုးရေးပညာရှင်အသင်း ဥက္ကဋ္ဌ Mr. Pramote Charoensilp က သုံးသပ်ပြောကြားခဲ့သည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News