International News

စားတော်ပဲ (Yellow Peas) အား လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးမြှင်ပေး

Last Updated:

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဌာနအောက်ရှိ နိုင်ငံခြား ကုန်သွယ်ရေးအထွေထွေညွှန်ကြားမှုဦးစီးဌာနက စားတော်ပဲ (Yellow Peas - ITC (HS) Code 07131010) အား အနိမ့်ဆုံးသွင်းကုန်တန်ဖိုးသတ်မှတ်ချက် (MIP) မရှိဘဲ လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် အမိန့် ကြေညာချက်အမှတ် ၂၉/၂၀၂၄-၂၅ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ယခင်ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာအရ စားတော်ပဲအား အနိမ့်ဆုံးသွင်းကုန်တန်ဖိုးသတ်မှတ်ချက်နှင့် ဆိပ်ကမ်းကန့်သတ်ချက်များ မရှိဘဲ လွတ်လပ်စွာ တင်သွင်းခွင့်မူဝါဒမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ပြည်တွင်းပဲမျိုးစုံ စားသုံးမှုအတွက် လိုအပ်ချက် မြင့်မားလျက်ရှိကြောင်း သိရှိရသည်။

Source: မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: International News