International News

ငွေကြေးဖောင်းပွမှုဆိုင်ရာစိုးရိမ်မှုများရှိသော်လည်း အိန္ဒိယ၏စီးပွားရေးသည် ၇.၅% တိုးတက်မည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ခန့်မှန်း

Last Updated:

အိန္ဒိယ၏စီးပွားရေးသည် ၇.၅% သို့မဟုတ် ထိုထက်ပိုသောနှုန်းဖြင့်ကြီးထွားရန် အလား အလာရှိကြောင်း  ဗဟိုဘဏ် (RBI) ဥက္ကဋ္ဌဖြစ်သူ Shaktikanta Das မှပြောကြားခဲ့ကြောင်းနှင့် ယင်း ခန့်မှန်းချက်သည် လက်ရှိဘဏ္ဍာရေးနှစ်အတွက် ဗဟိုဘဏ်၏ လက်ရှိခန့်မှန်းချက် ၇.၂ % ကို ကျော်လွန်နေကြောင်း၊ ယင်းတိုးတက်မှုအလားအလာ ခန့်မှန်းချက်သည် ငွေကြေးဖောင်းပွမှု မဖြစ်စေဘဲ ရေရှည်တွင် ကြီးထွားနိုင်သည့်စီးပွားရေးတစ်ခု၏ အမြင့်ဆုံးနှုန်းကို ထင်ဟပ်စေခြင်း ဖြစ်ကြောင်း   စင်္ကာပူတွင်ကျင်းပသည့်  Bretton Woods Committee ၏ နှစ်စဉ်ကျင်းပမြဲ ဖြစ် သည့်  အနာဂတ်ဘဏ္ဍာရေးဖိုရမ်တွင် Das က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများအတွင်း အစိုးရအသုံးစရိတ်ကို လျှော့ချရန်အတွက် ပထ မသုံးလပတ်တွင် တိုးတက်မှုနှေးကွေးသွားနိုင်သော်လည်း  RBI သည် ယခုနှစ်ကုန်တွင် စီးပွားရေး တိုးတက်မှုကို ၇.၂% ထိရှိမည်ဟု မျှော်မှန်းထားကြောင်း အုပ်ချုပ်ရေးမှူး Das က အထက်ပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ၎င်း၏မိန့်ခွန်းတွင် ဗဟိုဘဏ်အချို့သည် စီးပွားရေး ကျ ဆင်းမှုစိုးရိမ်မှုများကြောင့် အတိုးနှုန်းဖြတ်တောက်မှုလမ်းကြောင်းကို စတင်လျှောက်လှမ်းနေကြ သော်လည်း အများစုမှာ၎င်းတို့၏ရပ်တည်ချက်များကို ဆက်လက်ထိန်းသိမ်းထားပြီး ငွေကြေး ဖောင်းပွမှုကို လျှော့ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားထားသည်။

Das က ငွေကြေးဖောင်းပွမှုအား ဖြည်းဖြည်းချင်း လျှော့ချရန် မျှော်မှန်းထားပြီး ၎င်းသည် ၂၀၂၃-၂၄ ခုနှစ်တွင် ၅.၄% မှ ၂၀၂၄-၂၅ ခုနှစ်တွင် ၄.၅% နှင့် ၂၀၂၅-၂၆ ခုနှစ်တွင် ၄.၁ % သို့ လျော့ချနိုင်ရန် မျှော်လင့်ထားကြောင်း၊ ငွေကြေးဖောင်းပွမှုသည် ၂၀၂၂ ခုနှစ် ဧပြီလတွင်  အမြင့် ဆုံး ၇.၈ % ကို ရောက်ရှိခဲ့ကြောင်းနှင့်  ငွေကြေးဖောင်းပွမှုနှုန်းထားကို ၄ % ပတ်ဝန်းကျင်တွင် ရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ကမ္ဘာ့ငွေကြေးဖောင်းပွမှုကျဆင်းရေးမှာလည်း  နှေး ကွေးနေပြီး ငွေကြေးမူဝါဒကို ဖြေလျှော့ရာတွင်သတိထားရန်လိုအပ်ကြောင်း၊ ထိုပြင် အစိုးရများ သည် ထောက်ပံ့ရေးဘက်ဆိုင်ရာအစီအမံများကို အကောင်အထည်ဖော်ရန် လိုအပ်နေချိန်တွင် ဗဟိုဘဏ်များသည် ငွေကြေးမူဝါဒကို သတိရှိရှိစီမံခန့်ခွဲရန်လိုအပ်သည်ဟု ၎င်းက အလေးထား ပြောကြားခဲ့ကြောင်း သိရသည်။

 

Source: RBI Governor projects India’s economy to grow at 7.5% amid inflation concerns, The Economic Times, 14 September 2024.

မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: International News