Local News

ပြည်ပက ဝယ်ယူမှုများခြင်းကြောင့် မန္တလေးဈေးကွက်အတွင်း ကြက်သွန်ဖြူ အရောင်းအဝယ် ကောင်းမွန်နေ

Last Updated:

ပြည်ပက ဝယ်ယူမှုများခြင်းကြောင့် မန္တလေးဈေးကွက်အတွင်း ကြက်သွန်ဖြူ အရောင်းအဝယ် ကောင်းမွန်နေကြောင်း မန္တလေးမြို့မှ အောင် ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြ၍ သိရသည်။ ပြည်တွင်းဈေးကွက်အတွင်း ယခင်က ကြက်သွန်ဖြူ အရောင်းအဝယ်အေးခဲ့ပြီး စက်တင်ဘာလ ဒုတိယပတ်မှစ၍ ကြက်သွန်ဖြူ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာကြောင်း၊ အလားတူ ကြက်သွန်ဖြူများကို ပြည်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကလည်း အဝယ်များလာခြင်းကြောင့် မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ပြန်လည်ကောင်းမွန် နေကြောင်း သိရသည်။ “အခု မန္တလေးဈေးကွက်ထဲမှာ ကြက်သွန်ဖြူတွေကို ကုန်သည်တွေအနေနဲ့ အဝယ်တော်တော်များလာတယ်။ ကြက်ဖြူသွန်အဝယ် လိုက်လာတာကြောင့် မန္တလေးဈေးကွက်ထဲမှာ ကုန်စည်လက်ကျန်တောင် နည်းလာပါတယ်” ဟု ဒေါ်မေသဲဆွေက ပြောပြသည်။

ပြည်တွင်း၌ ကြက်သွန်ဖြူအရောင်းအဝယ် ကောင်းမွန်လာခြင်းကြောင့် မန္တလေးဈေးကွက်အတွင်း ယနေ့ ပေါက်ဈေးအရ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ ပေါက်ဈေး ရှိကြောင်း သိရသည်။ အခုလတ်တလော ပခုက္ကူကနေ မန္တလေးကို တင်ပို့တဲ့ ကြက်သွန်ဖြူတွေကို ရန်ကုန်နဲ့ အခြားမြို့ကြီးတွေကိုလဲ ပြန်ပြီးတင်ပို့နေရပါတယ်။ လတ်တလော ကြက်သွန်ဖြူအသစ်တွေလဲ လက်ကျန်ရှားနေတော့ အရောင်းအဝယ်ပြန်ပြီးကောင်းမွန်လာပါတယ်” ဟု အောင် ကြက်သွန်နဲ့ အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News