International News

ထိုင်းနိုင်ငံ၊ Krungsri (Bank of Ayudhya PCL) က ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့နိုင်ရေး အတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပြောင်းလဲမှု ချေးငွေကို ထုတ်ပြန်ကြေညာခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍကို ရေရှည်တည်တံ့သော အနာဂတ်ဖြစ်လိုသည့် ထိုင်းဘဏ် (ဗဟိုဘဏ်)၏ ရည်မှန်းချက်နှင့်ကိုက်ညီစေရေးအတွက် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ရေရှည်တည်တံ့မှုသို့ပြောင်းလဲမည့် လုပ်ငန်းများအတွက် အထောက်အပံ့ပေးရန် ထိုင်းနိုင်ငံ၊ Krungsri (Bank of Ayudhya PCL) က ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့နိုင်ရေး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပြောင်းလဲမှု ချေးငွေအစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ချေးငွေသည် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို စီးပွားရေးစက်ဝန်း (Circular Economy) သဘောတရားကို အခြေခံသည့်ရေရှည်တည်တံ့သော အလေ့အကျင့်များသို့ ကူးပြောင်းရာတွင် လွယ်ကူချောမွေ့စေရန်ဖြစ်ကြောင်း၊ ၁၀ နှစ်ကြာမြင့်မည့် ချေးငွေဖြစ်ပြီး ပထမ ၂ နှစ်အတွက် အတိုးနှုန်းမှာ အထူးနှုန်းသေ ၃.၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို လျှော့ချ၍ အမှိုက်စီမံခန့်ခွဲမှုနှင့် စွန့်ပစ်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် သန့်ရှင်းသောစွမ်းအင်သို့ ပြောင်းလဲရန်အတွက် ရန်ပုံငွေ စီမံ ကိန်းဖြစ်ကြောင်း သိရှိရပါသည်။

ရာသီဥတုပြောင်းလဲခြင်းကို တုန့်ပြန်ရန်မှာ အခြားသောအရာများထက် အရေးကြီးပါကြောင်း၊ ဘဏ်အနေဖြင့် ကာဗွန်ပျက်ပြယ်မှုအောင်မြင်ရန်အတွက် ကတိကဝတ်ပြုထားပြီး ထိုင်းနိုင်ငံ၏ ရေရှည်တည်တံ့ဆုံးစီးပွားရေးဘဏ်များထဲမှ တစ်ခုဖြစ်ရန် မှန်းထားပါကြောင်း၊ Krungsri သည် အသုံး ပြုသူများကို ဘဏ္ဍာရေးဝန်ဆောင်မှုပေးရုံသာမက အစိမ်းရောင်စီးပွားရေးသို့ ပြောင်းလဲရန် အတွက် လမ်းပြပေးပါကြောင်း၊ ချေးငွေအစီအစဉ်သည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ရေရှည်တည်တံ့သော အလေ့အကျင့်များ လက်ခံရာတွင် အထောက်အကူပြုမည့် ချေးငွေကန့်သတ် ချက်များနှင့် သာလွန်သည့် အတိုးနှုန်းထားများ ပေးထားပါကြောင်း Krungsri ဥက္ကဋ္ဌ Mr. Kenichi Yamato က ပြောကြားခဲ့ပါသည်။

ချေးငွေသည် ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့မှုအတွက် ၎င်းတို့၏ လုပ်ငန်းများတွင် မြှင့်တင်ရန် သို့မဟုတ် ရင်းနှီးမြှုပ်နှံမည့် ထုတ်လုပ်မှု၊ ကုန်သွယ်မှု နှင့် ဝန်ဆောင်မှုကဏ္ဍရှိ အသေး စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ၏ ရုပ်ကြွင်း လောင်စာသုံးစွဲမှု ကို လျှော့ချ၍ သန့်ရှင်းသော စွမ်းအင်သို့ ပြောင်းလဲရာတွင် လွယ်ကူချောမွေ့စေရန် ဖြစ်ကြောင်း၊ စီမံကိန်းတွင် ပါဝင်သော လုပ်ငန်းဥပမာများမှာ လျှပ်စစ်မော်တော်ကား အားသွင်းစက် များ တပ်ဆင်ခြင်း၊ ဝယ်ယူခြင်း၊ စွမ်းအင်ဖူလုံသော စက်ရုံများ တည်ဆောက်ခြင်း သို့မဟုတ် ပြင်ဆင် ခြင်း၊ ရေဆိုးရေညစ်များကိုပြန်လည်ပြုပြင်သည့် ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် အမှိုက်စက်ဝန်း စီမံခန့်ခွဲမှုစနစ်ကျင့်သုံးခြင်းတို့ဖြစ်ကြောင်း Krungsri SME Banking Group အကြီးတန်းအရာရှိ Ms. Duangkamol Limpuangthip က ဖြည့်စွက် ပြောကြားခဲ့ပါသည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် ရေရှည်တည်တံ့သော ရန်ပုံငွေ ကို ၂၀၂၄ ခုနှစ်တွင် ဘတ် ၄,၅၀၀ သန်းကျော်သို့ ရောက်ရှိရန် ဦးတည်ထားပါကြောင်း၊ ကာဗွန်လျော့ နည်းလုပ်ငန်းများသို့ ပြောင်းလဲရာ၌ ဘဏ္ဍာငွေ ထောက်ပံ့မှုအပြင် ဗဟုသုတများနှင့် အကြံဉာဏ်များ ကို Krungsri ပလက်ဖောင်းများမှတစ်ဆင့် မျှဝေပေးလျက်ရှိကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးစက်ဝန်းသဘောတရားများမှတစ်ဆင့် ရေရှည်တည်တံ့သော စီးပွား ရေးလုပ်ငန်းများဖြစ်စေရုံသာမက ထိုင်းနိုင်ငံအစိုးရ၏ နိုင်ငံတကာ စင်မြင့်ထက်တွင် ကတိကဝတ်ပြုခဲ့ သော ၂၀၅၀ ပြည့်နှစ်တွင် အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့လုံးဝထုတ်လွှတ်မှုမရှိသည့် ဦးတည်ချက်ကို အောင်မြင်နိုင်ရေးအတွက်လည်း အထောက်အကူပြုရာရောက်ကြောင်း Ms. Duangkamol က ပြော ကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News