Local News

သထုံခရိုင်၏ ဆန်စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Last Updated:

သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဩဂုတ်လ၏ ပထမအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၀၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့် စုစုပေါင်း (၅၀၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၄၀) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု ဩဂုတ်လ၏ ဒုတိယအပတ်တွင် မော်လမြိုင်သို့ (၃၆၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၃၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၉၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၄၀) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်ပထမအပတ်နှင့်နှိုင်းယှဉ်ပါက  ပုံမှန်အတိုင်း စီးထွက်ခဲ့ ပါသည်။

သထုံခရိုင်အတွင်းသို့ ဩဂုတ်လ၏ ပထမအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၈၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၃၅) တန်ခန့်စီးဝင်ခဲ့ပြီး ဩဂုတ်လ၏ ဒုတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၀၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၁၄၅) တန်ခန့်စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ပထမအပတ်နှင့် နှိုင်းယှဉ်ပါက ပုံမှန်အတိုင်း စီးဝင်ခဲ့ပါသည်။

သထုံခရိုင်အတွင်း၌ ဩဂုတ်လ၏ ဒုတိယအပတ်တွင် ဆန်ဈေးနှုန်းမှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၈၀၀၀၀၀) ခန့်၊ ပေါ်ဆန်းဝါ (၃၇၀၀၀၀၀) ခန့်၊ ကမာကြည် (၂၇၀၀၀၀၀) ခန့်၊ ဧည့်မထ (၂၂၀၀၀၀၀) ခန့်နှင့် (၂၄) ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၃၅၀၀၀) ခန့်၊ ပေါ်ဆန်းဝါ (၁၃၃၀၀၀) ခန့်၊ ကမာကြည် (၁၁၃၀၀၀) ခန့်၊ ဧည့်မထ (၇၃၀၀၀) ခန့်ရှိပြီး  ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News