International News

လာအိုနိုင်ငံ၊ ဗီယန်ကျန်းတွင် ကျင်းပလျက်ရှိသည့် ၅၄ ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး၌ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး တက်ရောက်၍ ဆွေးနွေး သွားရန် ရှိ

Last Updated:

လာအိုနိုင်ငံ၊ ဗီယန်ကျန်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပလျက် ရှိသည့် ၅၆ ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေး ၂၀၂၄ သို့ ထိုင်းနိုင်ငံ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး H.E Mr. Pichai Naripthaphan ပါဝင်တက်ရောက်လျက်ရှိ ကြောင်း သိရှိရပါသည်။

အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ဦးစားပေး စီးပွား ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၏ တိုးတက်အောင်မြင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ “Enhancing Connectivity and Resilience” ခေါင်းစဉ်အောက်တွင် အာဆီယံ (၁၀) နိုင်ငံမှ  စီးပွားရေးဝန်ကြီးများသည် စီးပွားရေး ဆိုင်ရာ ဆောင်ရွက်ချက် များနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်း ၁၇ ခုကို အတည်ပြုထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ အဓိကကုန်သွယ်‌ ရေး မိတ်ဖက်နိုင်ငံများဖြစ်သည့် ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ တောင် ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူ စာချုပ်များဆိုင်ရာ တိုးတက်မှုအခြေအနေများအပေါ် Follow up အနေဖြင့် နှစ်နိုင်ငံချင်း ဆွေးနွေးသွားရန်ရှိကြောင်း၊ အာဆီယံ-တရုတ်၊ အာဆီယံ-အိန္ဒိယ နှင့် အာဆီယံ-ကနေဒါ သဘောတူစာချုပ်များ အဆင့်မြှင့်တင်ခြင်း တို့အပေါ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင် အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်နှင့်စပ်လျဉ်း၍ ဂျပန်၊ ဥရောပသမဂ္ဂ၊ ဥရောပလွတ်လပ်သော ကုန်သွယ်ရေးအသင်း၊ ရုရှား၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်တို့နှင့် ဒီဂျစ်တယ်စီးပွားရေးနှင့် တီထွင်ဆန်းသစ်မှု၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ မော်တော်ကားစက်မှုနယ်ပယ်၊ ကုန်သွယ်ရေးနှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုစသည့် အနာဂတ်ကုန်သွယ်မှုဆိုင်ရာများအပေါ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တတိယအကြိမ်မြောက် Regional Comprehensive Economic Cooperation (RCEP) Intersessional Meeting သို့ ပါဝင်တက်ရောက်မည်ဖြစ်ပြီး အတွင်းရေးမှူးရုံးအဖွဲ့ ဖွဲ့စည်းမှုအခြေ အနေနှင့် RCEP ညှိနှိုင်းမှုနှင့် အသုံးချမှုအခြေအနေများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရပါ သည်။

ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံ၍ မူပိုင်ခွင့်ဆိုင်ရာ အာဆီယံမူဘောင် သဘောတူစာချုပ် အဆင့်မြှင့်တင်နိုင်ရန်နှင့်  မူပိုင်ခွင့်နယ်ပယ်တွင် ဝန်ကြီးဌာန အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်များနှင့် အာဆီယံ ပညာရှင်အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း၊ စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက် မှု၊ သန့်ရှင်းသောစွမ်းအင်နှင့် ထောက်ပံ့မှုကွင်းဆက်ချိတ်ဆက်မှုကဲ့သို့သော ပုဂ္ဂလိကကဏ္ဍနှင့်စပ် လျဉ်း၍ အာဆီယံစီးပွား‌ရေး အကြံပေးကောင်စီနှင့် တွေ့ဆုံသွားရန်ရှိကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News