International News

တရုတ်နိုင်ငံ Haier Smart Home Co. ၏ စက်ရုံစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၃.၅ ဘီလီယံ အပေါ် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ခွင့်ပြုခဲ့

Last Updated:

တရုတ်နိုင်ငံ Haier Smart Home Co. ၏ စမတ်လျှပ်စစ်လေအေးပေးစက်များကို ပြည်တွင်း သုံးနှင့် ပြည်ပသို့ ရောင်းချရန်အတွက် ချွန်ပူရိတွင် ဆောက်လုပ်မည့် စက်ရုံအသစ်အတွက် ရင်းနှီးမြှုပ်နှံ မှု တန်ဖိုးငွေ ဘတ် ၁၃.၅ ဘီလီယံအပေါ် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ခွင့်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။

ရင်းနှီးမြှုပ်နှံမှုတွင် မြေအတွက် ကုန်ကျစရိတ်နှင့် လုပ်ငန်းဆောင်ရွက်မည့် မတည် ရင်းနှီးငွေ ဖြစ်ကြောင်း၊ ကမ္ဘာ့ကုမ္ပဏီများက စမတ်လျှပ်စစ်အသုံးအဆောင်များနှင့် ပစ္စည်းများထုတ်လုပ်ရန် အတွက် အချက်အချာတစ်ခုအဖြစ် ထိုင်းနိုင်ငံ၏ ဆွဲဆောင်မှုကို ယင်းစီမံကိန်းက ပြသပါကြောင်း၊ စက်ရုံမှထွက်ရှိသည့် ထုတ်ကုန်များအနက် ၈၅ ရာခိုင်နှုန်းကို ပြည်ပဈေးကွက်သို့ ရောင်းချသွားမည် ဖြစ်ရာ ထိုင်းနိုင်ငံ၏ ပို့ကုန်ကို နှစ်စဉ် ဘတ် ၃၂ ဘီလီယံမြင့်တက်လာစေမည်ဖြစ်ကြောင်း၊ စက်ရုံကို Haier Appliance Manufacturer (Thailand) က လုပ်သား ၃,၂၅၀ ဖြင့် လည်ပတ်မည်ဖြစ်ပြီး စမတ် လေအေးပေးစက် ၃ သန်းနှင့် စမတ်လေအေးပေးစက် Split ပုံစံ ၃ သန်း ထုတ်လုပ်သွားမည် ဖြစ် ကြောင်း ဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr. Narit Therdsteerasukdi က ပြောကြားခဲ့ပါ သည်။

စမတ်လေအေးပေးစက်တွင်ပါဝင်သည့် လည်ပတ် သည့် စနစ်အရ သတင်းအချက်အလက်များ ကို ထိတွေ့လက်ခံနိုင်ပြီး မိုဘိုင်းဖုန်းမှတစ်ဆင့် အဝေးရောက်ပုံစံဖြင့် ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဘုတ်အဖွဲ့မှ စမတ်လျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သော Samsung၊ Media၊ Sony နှင့် Inventec တို့မှ တင်ပြလာသည့် စီမံကိန်းတန်ဖိုး ဘတ် ၈၂.၂ ဘီလီယံအတွက် ခွင့်ပြုပေးခဲ့ပါကြောင်း၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ အတွက် စီမံကိန်းတန်ဖိုး ဘတ် ၁၆.၄ ဘီလီယံကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုသည် တန်ဖိုးအားဖြင့် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ် ပါကြောင်း၊ စီမံကိန်း ၃၂၁ ခုဖြစ်ပြီး မော်တော်ကားစက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍများက အများဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ စင်ကာပူသည် အများဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

 

Category: International News