International News

တန်ဖိုးမြှင့်ခွန် (Value-added Tax-VAT) လျှော့ချရေးအတွက် သက်တမ်းတိုးမြှင့်ခြင်းကို ထိုင်းနိုင်ငံ အစိုးရအဖွဲ့က ခွင့်ပြုခဲ့

Last Updated:

နေထိုင်မှုကုန်ကျစရိတ် သက်ရောက်မှုကို လျှော့ချရန်နှင့် ဝယ်ယူသူများ သုံးစွဲမှု မြှင့်တင်ရန် ရည်ရွယ်၍ တန်ဖိုးမြှင့်ခွန် (Value-added Tax-VAT) လျှော့ချမှုကို ၁ နှစ် သက်တမ်းတိုးမြှင့်ရေးနှင့် စပ် လျဉ်း၍ ထိုင်းနိုင်ငံ အစိုးရအဖွဲ့က ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

VAT နှုန်း ၆.၃ ရာခိုင်နှုန်း (ဒေသတွင်းအခွန်မပါ) သို့မဟုတ် ၇ ရာခိုင်နှုန်း (ဒေသတွင်းအခွန်ပါ) လျှော့ချခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ၁ နှစ် သက်တမ်းတိုးမြှင့်ခဲ့ပါကြောင်း၊ သက်တမ်းတိုးမြှင့်ရခြင်းမှာ နေထိုင်မှု ကုန်ကျစရိတ် သက် ရောက်မှုကို လျှော့ချရန်၊ စားသုံးသူများ၏ သုံးစွဲမှုကို လှုံ့ဆော်ရန်နှင့် ထိုင်းစီးပွားရေးတွင် စီးပွားရေး လုပ်ငန်းများ၏ ယုံကြည်မှု တိုးမြှင့်ရန် ရည်ရွယ်ပါကြောင်း ဝန်ကြီးချုပ် အကြံပေး Jirayu Houngsub က ပြောကြားခဲ့ပါသည်။

VAT ၇ ရာခိုင်နှုန်း လျှော့ချခြင်းကို သက်တမ်းတိုးခြင်းသည် အစိုးရ၏ ဝင်ငွေကို ထိခိုက်မှု မရှိသဖြင့် ၂၀၂၅ ဘဏ္ဍာနှစ်အတွက် အစိုးရ၏ လျာထားဝင်ငွေကိုလည်း မထိခိုက်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၏ လေ့လာချက်အရ သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

 

Category: International News