International News

တရုတ်နိုင်ငံ၏ တန်ဖိုးနည်းသွင်းကုန်များနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်သွားရန် ထိုင်းဘဏ် (ဗဟို ဘဏ်)က ထောက်ခံပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ ဈေးကွက်အတွင်းသို့ တရုတ်တန်ဖိုးနည်း ပစ္စည်းများ ဝင်ရောက်လာသည့် ပြဿနာ ကို ဖြေရှင်းဆောင်ရွက်ရန် ထိုင်းဘဏ် (ဗဟိုဘဏ်) က ထောက်ခံပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၀၁ ခုနှစ်မှစ၍ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ တရုတ်မှ တင်သွင်းလာသော ကုန်စည်များ၏ ဈေးနှုန်းညွှန်ကိန်းသည် တာရှည်ခံ၊ တာရှည်မခံနှင့် စက် ယန္တရားများအပါအဝင် တင်သွင်းလာသော သွင်းကုန်အားလုံး၏ ဈေးနှုန်းညွှန်ကိန်းအောက် လျော့နည်း ပါကြောင်း၊ တရုတ်ကုန်ပစ္စည်းများဝင်ရောက်လာမှုသည် ထိုင်းထုတ်လုပ်မှုကဏ္ဍတွင် အဆင့်ပေါ် မူတည်၍ ထိခိုက်မှုရှိပါကြောင်း၊ ယင်းအခြေအနေသည် ထိုင်းနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို အကျတွင် ရှိစေပါကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းခြင်းသည် စားသုံးသူများအတွက် အကျိုး ရှိစေပြီး နေထိုင်မှုကုန်ကျစရိတ်တွင် အပေါင်းလက္ခဏာပြသော်လည်း ထုတ်လုပ်မှုနှင့် ယှဉ်ပြိုင်မှုတွင် အနုတ်လဏ္ခဏာဖြစ်စေကြောင်း ငွေကြေးမူဝါဒကော်မတီ အတွင်းရေးမှူး Mr. Piti Disyatat က ပြော ကြားခဲ့ပါသည်။

ကမ္ဘာ့နိုင်ငံများစွာ၌ တရုတ်ပစ္စည်းများဝင်ရောက်မှုကြောင့် ထိခိုက်မှုရှိသော်လည်း ယင်း ပြဿနာကို ဖြေရှင်းရန် အစီအမံများစွာ ဆောင်ရွက်ကြပါကြောင်း၊ စိန်ခေါ်မှုကို အစိုးရက ဖြေရှင်းနိုင် ရေး ဆောင်ရွက်မှုများအတွက် ဗဟိုဘဏ်အနေဖြင့် ထောက်ခံပါကြောင်း၊ လျှပ်စစ်ပစ္စည်းများ၊ ချည် ထည်များနှင့် ပရိဘောဂစသည့် ပြည်တွင်းဖြစ်ထုတ်ကုန်များသည် တရုတ်ပစ္စည်းများကြောင့် ဖိအား များ ရင်ဆိုင်နေရပါကြောင်း၊ မော်တော်ကားနှင့် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်အတွင်းရှိ စက်ရုံ အချို့သည် ထိုင်းနိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်မှု မသေချာမှုကြောင့် အခက်အခဲများ ကြုံတွေ့ နေရကြောင်း၊ ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံ GDP ၏ ၆ ရာခိုင်နှုန်း၊ အလုပ်အကိုင် စုစုပေါင်း၏ ၅ ရာခိုင် နှုန်းနှင့် လုပ်ငန်းလည်ပတ်မှု၏ ၆ ရာခိုင်နှုန်းရှိသော မော်တော်ကားကဏ္ဍ၊ Integrated circuits နှင့် Hard disk drives တို့သည် စီးပွားရေးပြန်လည်ကောင်းမွန်မှု နောက်ကျနေမှုကို ကြုံတွေ့နေရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပိုင်ဆိုင်မှုနှင့် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးကဏ္ဍများသည် တရုတ်ပစ္စည်းများ၏ ရိုက်ခတ်မှုကို ခံစားရကြောင်း၊ ယင်းကဏ္ဍများသည် နိုင်ငံ GDP ၏ ၃၄ ရာခိုင်နှုန်း၊ အလုပ်အကိုင်များ၏ ၅၁ ရာခိုင် နှုန်းနှင့် လုပ်ငန်းအားလုံး၏ ၃၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ဆောက်လုပ်ရေးကဏ္ဍ၏ အတားအဆီးမှာ ဘတ်ဂျက်သုံးစွဲမှု နှောင့်နှေးနေခြင်းနှင့် ပိုင်ဆိုင်မှု၊ အဆောက်အဦ၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ အပေါင်အတွက် ချေးငွေတိုးတက်မှု နှေးကွေးနေခြင်းကြောင့်ဖြစ်ကြောင်း၊ ခရီးသွားနှင့် ဝန်ဆောင်မှု ကဏ္ဍ ကောင်းမွန်သော်လည်း ဒုတိယအဆင့်မြို့တော်များသည် အဓိက မြို့တော်များနှင့် နှိုင်းယှဉ်ပါက ခရီးသွားဝင်ရောက်မှု နည်းနေသေးပါကြောင်း၊ ယင်းကဏ္ဍများသည် နိုင်ငံ GDP ၏ ၆၀ ရာခိုင်နှုန်း၊ အလုပ်အကိုင်များ၏ ၄၄ ရာခိုင်နှုန်းနှင့် လုပ်ငန်းအားလုံး၏ ၆၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းသည် ယခုနှစ် ထိုင်းနိုင်ငံ၏ စီးပွားရေးကို မောင်းနှင်မည့် အဓိကသော့ချက်ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဘတ်ငွေမငြိမ်သက်မှုသည် လုပ်ငန်းများအပေါ် ပြောင်းလဲသော သက်ရောက်မှုများ ဖြစ်စေ ကြောင်း၊ ဝန်ကြီးချုပ်အသစ်ခန့်အပ်လိုက်ခြင်းကြောင့် ပြည်တွင်း၌ ရွှေဈေးနှုန်း မြင့်တက်နေခြင်းနှင့် နိုင်ငံရေး အပြောင်းအလဲတို့ကို ဖြစ်စေပါကြောင်း၊ နိုင်ငံတွင်းအခြေအနေများသည် ဘတ်ငွေအား ကောင်းမှုကို ဖြစ်စေကြောင်း၊ ယခုနှစ် အစောပိုင်းက ဘတ်ငွေတန်ဖိုး ကျဆင်းခဲ့သော်လည်း လွန်ခဲ့ သော ရက်သတ္တပတ်အနည်းငယ်တစ်လျှောက် တည်ငြိမ်နေကြောင်း Mr. Piti က သုံးသပ်ထားပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News