International News

B.Grimm Power Plc (BGRIM) ၏ လုပ်ငန်းခွဲဖြစ်သော B.Grimm LNG Ltd (BGLNG) ၏ ထိုင်းနိုင်ငံသို့ ပထမဆုံး LNG တင်သွင်းမှု ပြီးမြောက်ခဲ့

Last Updated:

B.Grimm Power Plc (BGRIM) ၏ လုပ်ငန်းခွဲဖြစ်သော B.Grimm LNG Ltd (BGLNG) ၏ ထိုင်းနိုင်ငံသို့ ပထမဆုံး LNG တင်သွင်းမှုပြီးမြောက်ခဲ့ပြီး ထိုင်းနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိက LNG တင်သွင်းသူအဖြစ် အသေးစားဓာတ်အားထုတ်လုပ်သူများကို ရောင်းချသွားမည် ဖြစ်ကြောင်း သိရှိရပါ  သည်။

စွမ်းအင်ကွပ်ကဲမှုကော်မရှင်က ၂၀၂၀ ပြည့်နှစ်တွင် လိုင်စင်ထုတ်ပေးထားခဲ့သော BGLNG သည် သဘာဝဓာတ်ငွေ့လက်ကားဝယ်ယူတင်သွင်းသူဖြစ်ပြီး နှစ်စဉ် တင်သွင်းမှုပမာဏသတ်မှတ်ချက် တန် ချိန် ၁.၂ သန်း ရရှိပါကြောင်း၊ ကုမ္ပဏီ၏ ကနဦး ဦးစားပေးမှာ B.Grimm  အုပ်စုအတွင်းရှိ စွမ်းအင်ထုတ် လုပ်သည့် စက်ရုံ ၁၉ ခုကို ဓာတ်ငွေ့ ဖြန့်ဝေပေးရန် ဖြစ်ကြောင်း၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ရောက်ရှိ လာသော ပထမဆုံး LNG သင်္ဘောသည် Sumitomo Corporation (Japan) ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ် ကြောင်း၊ တန်ချိန် ၆၅,၀၀၀ ကို Map Ta Phut ရှိ PTT LNG Co Ltd ပိုင် LNG Terminal သို့ ပို့ဆောင် သိမ်းဆည်းခဲ့ပြီး ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း၊ ပြင်ဆင်ပြီးသည့် LNG များကို B.Grimm အုပ်စု အတွင်းရှိ စွမ်းအင်စက်ရုံ ၁၀ ရုံသို့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သုံးစွဲသူများအဖြစ် B.Grimm  အုပ်စုနှင့် အခြားသော စက်ရုံများသို့ တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ LNG နှင့် ဓာတ်ငွေ့ သုံးစွဲသူများအကြား ဈေးနှုန်း ယှဉ်ပြိုင်မှုကို ရရှိစေပြီး စီးပွားရေး အခွင့်အလမ်းသစ် များ မြှင့်တင်ပေးသသည့် အစိုးရ၏ သဘာဝဓာတ်ငွေ့ဆိုင်ရာ ဖြေလျှော့ပေးခြင်း မူဝါဒနှင့် ကိုက်ညီပါ ကြောင်း၊ B.Grimm Power ၏ လက်ရှိလုပ်ငန်းများနှင့် စဉ်ဆက်မပြတ်မှုအတွက် သေချာစေသော သမိုင်းဝင်နေ့ရက်ဖြစ်ကြောင်း  B.Grimm  ဥက္ကဋ္ဌ Mr. Harald Link  က ပြောကြားခဲ့ပါသည်။

BGLNG သည် အချိန်ကောင်းတွင် ထိုင်းနိုင်ငံအတွင်းသို့ LNG စတင် တင်သွင်းခဲ့ခြင်း ဖြစ် ကြောင်း၊ ထိုင်းဝယ်ယူသူများသို့ ပိုမိုကောင်းမွန်သော ရွေးချယ်မှုကို ပေးရန်နှင့် ထိုင်းနိုင်ငံ၏ စွမ်းအင် ဖူလုံမှုကို မြှင့်တင်ရန်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ အနာဂတ်ဦးတည်ချက်မှာ ယှဉ်ပြိုင်ရွေးချယ်မှုကို ရှာဖွေ နေသော Third Party အသုံးပြုသူများကို ဝန်ဆောင်မှုပေးရန်အတွက် LNG နှင့် သဘာဝဓာတ်ငွေ့ လုပ် ငန်းများကို တိုးချဲ့သွားမည်ဖြစ်ကြောင်း LNG လုပ်ငန်းများ၏ ဒုတိယ ဥက္ကဋ္ဌ Mr. Andrew Kirk က ဖြည့်စွက်ပြောကြားခဲ့သည်။

BGLNG အတွက် LNG Terminal ဝန်ဆောင်မှု ပေးခဲ့ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ အစိုးရ၏ မူဝါဒနှင့် ကိုက်ညီစေသည့် ပုဂ္ဂလိက ကဏ္ဍ၏ သိသာထင်ရှားသော မှတ်တိုင်များဖြစ်ကြောင်း PTTLNG ဥက္ကဋ္ဌ Mr. Rattikool Piyavongwanich က အလေးထားပြေားကြားခဲ့ကြောင်း၊ BGLNG ၏ ပထမဆုံး ထောက်ပံ့ပေးခဲ့သူအဖြစ် ဂုဏ်ယူပါကြောင်း၊ B.Grimm  နှင့် စွမ်းအင်ကဏ္ဍတွင် မိတ်ဖက် ဆက်ဆံရေးကို တိုးချဲ့တည်ထောင်သွားမည်ဖြစ်ပြီး LNG နှင့် စွမ်းအင်လုပ်ငန်းများတွင် အခွင့်အလမ်း သစ်များနှင့် တီထွင်ဆန်းသစ်မှုများကို အတူတစ်ကွရှာဖွေသွားမည် ဖြစ်ကြောင်း Sumitomo Corpo-ration (Japan) ၏ အကြီးတန်းအရာရှိဖြစ်သူ Mr. Koji Endo က ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News