International News

၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံ၊ အစိုးရ၏ ဝင်ငွေကောက်ခံရရှိမှုသည် မျှော်မှန်းထားသည့် ပမာဏအောက် ၁.၁ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ထိုင်းနိုင်ငံအစိုးရ၏ ဝင်ငွေကောက်ခံရရှိမှုသည် မျှော်မှန်းထား သည့် ပမာဏအောက် ၁.၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ခဲ့သည့် ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမ ၁၀ လအတွင်း ကောက်ခံရရှိခဲ့သည့် ဝင်ငွေသည် ဘတ် ၂၅.၂ ဘီလီယံရှိခဲ့ပြီး မျှော်မှန်းထားသည့် ပမာဏအောက် ၁.၁ ရာခိုင်နှုန်း လျော့နည်းခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ကာလတူပမာဏထက် ၃.၃ ရာခိုင်နှုန်း တိုးမြင့်ရရှိခဲ့ပါကြောင်း၊ ဝင်ငွေပမာဏသည် မျှော်မှန်းထားသည့်အတိုင်း မပြည့်မီခဲ့သည်မှာ အစိုးရက ပြည်သူနှင့် လုပ်ငန်းပိုင်ရှင်များအတွက် စွမ်းအင်ကုန်ကျစရိတ် လျှော့ချပေးရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဧပြီလအထိ  ဒီဇယ်နှင့် ဂက်စ်ဆိုလင်းပေါ်တွင် အခွန်နှုန်းထား လျှော့ချ ခဲ့ခြင်းနှင့် ကာဗွန်လျော့နည်းသော အသိုက်အဝန်းသို့ ပြောင်းလဲရန်နှင့် လျှပ်စစ်မော်တော်ကားများ ထုတ်လုပ်မှုအချက်အချာအဖြစ် နိုင်ငံ၏ ရပ်တည်ချက်ကို ပြသရန်အတွက် လျှပ်စစ်မော်တော်ကားများ ဝယ်ယူမှုကို အားပေးသည့်အနေဖြင့် ဝယ်ယူသူများအတွက်ထောက်ပံ့မှုများပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဘဏ္ဍာ‌ရေးမူဝါဒရုံး ညွှန်ကြားရေးမှူး Mr. Pornchai Thirraveja က ပြောကြားခဲ့ပါသည်။

အစိုးရအဖွဲ့အစည်းပိုင်လုပ်ငန်းများမှ ဘတ် ၁၇၄ ဘီလီယံကို အစိုးရဝင်ငွေထဲသို့ ထည့်ဝင်ပေးခဲ့ ကြသည်မှာ ယခင်နှစ်ထက် ၂၇.၆ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါကြောင်း၊ ပြည်တွင်းအခွန် ဦးစီးဌာန၏ အခွန်ကောက်ခံရရှိမှုမှာ ဘတ် ၁.၇ ထရီလီယံ၊ ယစ်မျိုးခွန်ဦးစီးဌာန၏ ကောက်ခံရရှိမှုမှာ ဘတ် ၄၃၉ ဘီလီယံနှင့် ငွေတိုက်ဦးစီးဌာန၏ ကောက်ခံရရှိမှုမှာ ဘတ် ၁၂ ဘီလီယံဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News