International News

BRICS အဖွဲ့ဝင်ဖြစ်ရေး အဇာဘိုင်ဂျန် လျှောက်ထား

Last Updated:

BRICS (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက) မဟာမိတ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရေး အဇာဘိုင်ဂျန်၏ လျှောက်ထားမှုကို ရုရှားကကြိုဆိုခဲ့ကြောင်း အဇာဘိုင်ဂျန်က ထုတ်ပြန်ခဲ့သည်။ "အဇာဘိုင်ဂျန်သည် BRICS အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် တရားဝင်လျှောက်ထားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Aykhan Hajizada က Anadolu Agency (AA) နှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန်၏ BRICS နှင့်ပူးပေါင်းရန် စိတ်ဝင်စားမှုကို ပြီးခဲ့သည့်လအစောပိုင်းက Astana ၌ ကျင်းပခဲ့သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထိပ်သီးအစည်းအဝေးတွင် တရုတ်- အဇာဘိုင်ဂျန် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးထူထောင်ရန် ပူးတွဲကြေငြာချက်မှစတင်ခဲ့ပြီး တရုတ်ကလည်း ကြိုဆိုခဲ့ကြောင်း ဖော်ပြထားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဩဂုတ်လ ၁၈ ရက်မှ ၁၉ ရက်အထိ အဇာဘိုင်ဂျန်ခရီးစဉ်အတွင်းချမှတ်ခဲ့သည့် ပူးတွဲကြေညာချက်တွင်လည်း မော်စကိုက အဇာဘိုင်ဂျန် BRICS အဖွဲ့ဝင်ဖြစ်ရေး ထောက်ခံကြောင်း ကြေညာခဲ့သည်။ အီရန်၊ အီဂျစ်၊ အီသီယိုးပီးယားနှင့်အာရပ်စော်ဘွားများ ပြည်ထောင်စုတို့သည် BRICS သို့ ဇန်နဝါရီတွင်ပါဝင်ခဲ့ပြီး ဆော်ဒီအာရေဗျကလည်း အဖွဲ့ဝင်ဖြစ်ရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။ BRICS အဖွဲ့တွင် ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်သူအချို့ ပါဝင်နေပြီး ကမ္ဘာ့ GDP ၏ လေးပုံတစ်ပုံကျော် ဆောင်ရွက်နေပါသည်။

Source: https://www.dailysabah.com

Source: https://commerce.gov.mm

Category: International News