Local News

ယခုဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပသို့ ပျားရည်တန်ချိန် ၁၅၀၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းကျော်ရရှိ

Last Updated:

     ယခုဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပသို့ ပျားရည်တန်ချိန် ၁၅၀၀ ကျော်တင်ပို့ထားပြီး  အမေရိကန်ဒေါ်လာ  ၂ ဒသမ  ၃ သန်းကျော် ရရှိထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်၏ ပြောကြားချက်အရ သိရသည်။

     "၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၂၀၂၂ ခုနှစ် ဧပြီလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ကုန်အထိ ပြည်ပကို ပျားရည်တန်ချိန် ၁၅၄၁ ဒသမ ၀၈ တန်တင်ပို့ထားပြီး အမေရိကန် ဒေါ်လာ ၂ ဒသမ ၃၁၁ သန်းရရှိထားတယ်။ တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ စင်ကာပူ၊ တရုတ်(တိုင်ပေ)နဲ့ ထိုင်းနိုင်ငံတို့ကိုတင်ပို့ပြီး ဂျပန်နိုင်ငံကို အများဆုံးတင်ပို့ပါတယ်” ဟု ဦးမျိုးတင့်ကပြောသည်။

     ပြည်ပနိုင်ငံများသို့ ပျားရည်တင်ပို့ရာတွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန် အထိ ပုံမှန်ကုန်သွယ်မှုမှ တန်ချိန် ၁၅၂၇ ဒသမ ၇၄ တန်နှင့် နယ်စပ်ကုန်သွယ်မှုမှ တန်ချိန် ၁၃ ဒသမ ၃၄ တန်တင်ပို့ရာ စုစုပေါင်း တန်ချိန် ၁၅၄၁ ဒသမ ၀၈  တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ  ၂ ဒသမ  ၃၁၁  သန်းရရှိထားကြောင်း သိရသည်။ပျားရည်ကို ပြည်တွင်း၌ဆေးဝါးအဖြစ် အသုံးပြုမှုများကာ ပြည်ပနိုင်ငံများသို့လည်း တင်ပို့ကြောင်း သိရသည်။       

စောယု

Source: https://myawady.net.mm

Category: Local News