International News

ဈေးကွက်နှင့် အရင်းအနှီးရင်းမြစ်သစ်များ ရှာဖွေသွားမည်ဟု ဟောင်ကောင်ဒေသ ဘဏ္ဍာရေး ဝန်ကြီးပြောကြား

Last Updated:

သမားရိုးကျဈေးကွက်များ ချိတ်ဆက်ဆောင်ရွက်မှုခိုင်မာစေရန်နှင့် ဈေးကွက်သစ်များနှင့် အရင်းအနှီးရင်းမြစ်များ ရှာဖွေရန် ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ဥရောပ၊ အမေရိကန်၊ ဩစတြေးလျနှင့် အရှေ့အလယ်ပိုင်းဒေသများသို့ သွားရောက်ရန်      စီစဉ်ထားကြောင်း ဟောင်ကောင်ဒေသ ဘဏ္ဍာရေးဝန်ကြီးက ၂၀၂၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့၌ ၎င်း၏ ဘလော့စာမျက်နှာတွင် ရေးသားထားကြောင်း rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၄ ရက်နေ့တွင် “FS to explore new markets and capital sources” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသသည် ငွေရေးကြေးရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ဖလှယ်မှုများတွင် နိုင်ငံတကာမျက်နှာစာ၌ ရပ်တည်မှုခိုင်မာနေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု အရေးပါသည့်နေရာ၌ရပ်တည်နေကြောင်းနှင့် စိန်ခေါ်မှုများ ရင်ဆိုင်ဖြေရှင်းရာတွင် ခံနိုင်ရည်ရှိနေခြင်းကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ စီးပွားရေးအခြေအနေသည် တည်ငြိမ်နေပြီး တိုးတက်မှုဆီသို့ ဦးတည်နေကြောင်း၊ ဒေသစီးပွားရေးအတွက် အဓိက မောင်းနှင်အားများဖြစ်သည့်  ပို့ကုန်တင်ပို့မှုနှင့် ရင်းနှီးမြှုပ်မှုအသုံးစရိတ်များတို့မှာ အစဉ်တစိုက် မြင့်တက်နေကာ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် စီးပွားရေးတိုးတက်မှု ၃.၃ ရာခိုင်နှုန်း ရှိစေရန် အထောက်အကူပြုကြောင်း၊ သို့သော် ဟောင်ကောင်ဒေါ်လာဈေးနှုန်း မြင့်တက်လာခြင်းကြောင့် တစ်ဦးချင်းသုံးစွဲမှုအပေါ် ဖိအားသက်ရောက်စေပြီး ခရီးသွားလုပ်ငန်းကဏ္ဍနှင့် တစ်ဦးချင်းသုံးစွဲမှုပုံစံ ပြောင်းလဲလာသည်ဟု ဘဏ္ဍာရေးဝန်ကြီးက ရေးသားထားကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့။

Category: International News